Part 14

279 60 7
                                    

BLOGGER
Part 14

ဘေဘီနဲ့ချစ်သူတွေဖြစ်သွားပြီး အကြီးမားဆုံးရင်ဆိုင်ရတဲ့အခက်အခဲက ဘေဘီ့ရဲ့အစ်ကိုတွေဖြစ်သည်။ မိဘတွေရှိသော်လည်း အုပ်ထိန်းပေးတဲ့အစ်ကိုနှစ်ယောက်ရဲ့ ခွင့်ပြုချက်က ပိုအရေးကြီးနေတော့ သူ့အစ်ကိုတွေကြည်အောင် နေရသည်။ဂျွန်မြောင်နဲ့က အဆင်ပြေနေပြီးသားဖြစ်သော်လည်း တရုတ်က ရိဖန်ဆိုသည့်လူက ချန်ယောလ်ကို သိပ်သဘောမကျသလိုရှိသည်။ ချန်ယောလ်သဘောအရဆို ကိုယ်ကလည်း ၂၆ ကျော်နေပြီ၊ ဘေဘီကလည်း ၂၀ ကျော်နေပြီဆိုတော့ အချိန်သိပ်မဆွဲဘဲ လက်ထပ်လိုက်ချင်သည်။ ဟိုသွား ဒီသွားဖြစ်နေတဲ့ ဘေဘီ့ကို လက်ထပ်ပြီးမှ သူအနားမှာခေါ်ထားလို့ရမည်မဟုတ်လား။

*ကော ခေါ်လို့ သွားဦးမယ်* ဆိုပြီး ချန်ယောလ်ကို တစ်ယောက်တည်းချန်ခဲ့တာလည်း မကြာခဏ။ ပြန်လာရင်လည်း အရင်က သိပ်အလုပ်များတဲ့ အစ်ကိုက ပါပါလာတတ်သည်။ တစ်ခါတလေ ညဘက်လေးချိန်းတွေ့ချင်တာတောင် အစ်ကိုနှစ်ယောက်ပါ ပါလာပြီး မိသားစု ညစာစားပွဲလိုလို၊
ညီအစ်ကိုတွေ့ဆုံပွဲလိုလို ဖြစ်နေရသေးသည်။

ကြက်ကြော်စားထားလို့ ဆီတွေပေပြီး အိနေသလိုပုံပေါက်တဲ့ ဘေဘီ့ရဲ့ နှုတ်ခမ်းဖူးဖူးလေးကို ချန်ယောလ် ငေးကြည့်နေမိသည်။ နှုတ်ခမ်းလေးရဲ့ ချိုမြမှုအတိုင်းအတာကို မြည်းစမ်းကြည့်ချင်ပေမဲ့ တကယ်တမ်းတော့ လက်ကလေးကိုင်ဖို့တောင် ခက်နေသည့်အနေအထားဖြစ်သည်။ ၄ ယောက်ထိုင်ခုံမှာ အတူတူထိုင်နေကြပေမဲ့ ဘေဘီက ရိဖန်နဲ့ကပ်ထိုင်ပြီး ချန်ယောလ်က ဂျွန်မြောင်နဲ့ထိုင်ရသည်။

ဘေဘီ့အတွက် အသားတွေကိုဖဲ့ပေးတာ တစ်ရှုးပြင်ပေးတာ အအေးဗူးမှာပိုက်တပ်တာကအစ ချန်ယောလ်လုပ်ဖို့အခွင့်မရှိလောက်အောင် အကုန်လုပ်နေတဲ့ အစ်ကိုနှစ်ယောက်ကို တော်တော်စိတ်ကုန်ပါသည်။

"ကလေး ထပ်ယူဦးမလား"

"မယူတော့ဘူး ကော"

"ဘာစားချင်သေးလဲ"

"အခုတော့မစားချင်သေးဘူး ကောတို့ မစားဘူးလား
ဂျွန်ရော ယောလ်ရော ကျွန်တော်စားတာပဲထိုင်ကြည့်နေတာလား"

BLOGGERWhere stories live. Discover now