Part 4

308 61 1
                                    

BLOGGER
- Part 4 -

တစ်နေကုန် Disneyland ထဲ လည်ပတ်ရင်း ရိုက်ထားသမျှ ပုံများကို notebook ထဲ ကူးထည့်နေလိုက်သည်။
စိတ်ထဲပေါ်လာသမျှ Blog မှာရေးချင်သမျှ အကြောင်းအရာများကို စဉ်းစားလိုက်၊ ရေးချလိုက်နှင့်။ ခဏနားပြီး နာရီကိုကြည့်မိတော့ ည ၁၂ နာရီ။

ကျယ်ပြန့်လှသည့် Disneyland ထဲက Tomorrowland ထဲမှာ အချိန်ကုန်ခဲ့ကြပြီး စီးစရာ၊ ဆော့စရာမှန်သမျှ အကုန်လုပ်ချင်နေသော ချာတိတ်လေးကို လိုက်ထိန်းရတာလည်းမလွယ်။ နောက်ဆုံးမနိုင်ရင် အလုပ်စည်းကမ်းချက်နဲ့ကိုင်တော့မှ ငြိမ်ကျသွားတတ်သည်။ နှုတ်ခမ်း စူထားတာကို မသိချင်ယောင်ဆောင်ရတာလည်း မလွယ်ပေ။ တာဝန်ကျေသည့် ချာတိတ်က ပုံရိုက်ဖို့၊ video clip အတိုလေးတွေရိုက်ဖို့တော့ မမေ့ခဲ့။ စူပုတ်နေရင်း လှတာလေးတွေ့ရင် ပြေးပြေးပြီး record ယူသည်ကို ကြည့်ရင်း ချန်ယောလ်က အသဲတယားယား။
နေ့လည်အချိန်တွေကို ပြန်တွေးရင်း ပြုံးမိသွားပြီး အလုပ်လက်စသတ်ကာ နားရန်ပြင်လိုက်သည်။

Notebook ကိုပိတ်ချလိုက်တော့ ဘွားခနဲပေါ်လာသည့် မျက်နှာဖြူဖြူလေးကြောင့် လန့်အော်လိုက်မိသည်။

"Shit!! သေမှာမို့လို့ စိုက်ကြည့်နေတာလား"

ချန်ယောလ် အလုပ်လုပ်နေသည့် စားပွဲမျက်နှာချင်းဆိုင်မှာ စားပွဲပေါ်လက်တင်၊ လက်ပေါ် မေးတင်ပြီး ကြည့်နေတဲ့ ချာတိတ်။
အစက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ သူရှိနေတာ သတိမထားမိ။ အိပ်ဖို့ပြောလိုက်တာကြာပြီကို ဘာလာလုပ်နေမှန်းမသိ။

"ကျွန်တော် ဗိုက်ဆာတယ် ယောလ်..."

"ဘာ ညဘက်ကြီး ဘာဗိုက်ဆာတာလဲ
အိပ်လိုက်လေ အိပ်ရင် ဗိုက်ဆာတာမေ့သွားလိမ့်မယ်"

"မရဘူး မရဘူး ဗိုက်ဆာနေလို့ အိပ်လို့မရဘူး"

"ချာတိတ် မရစ်နဲ့ကွာ မင်းကို အိပ်ဖို့ပြောထားတာကြာပြီလေ
မင်းအဲ့ကတည်းက အိပ်လိုက်ရင် အခုဆို ဗိုက်ဆာတာတောင် သတိထားမိမှာမဟုတ်တော့ဘူး"

"အခု ဗိုက်တအားဆာတယ်
ဗိုက်ထဲကတောင်အောင့်နေပြီ"

မျက်ရည်လေးဝဲနေပြန်တော့လည်း ချန်ယောလ်က စိတ်ပျော့ရပြန်ရော။
ညဦးပိုင်း မီးအလှပြပွဲကြည့်ချင်စိတ်နဲ့ ညစာကောင်းကောင်းမစားခဲ့ဘူးထင်တယ်။
အခန်းထဲက ဖုန်းနဲ့ kitchen ကို ဆက်ပြီး ဆင်းဒွစ်နဲ့ နို့နဲ့ မှာပေးလိုက်သည်။ 24 နာရီ ဝန်ဆောင်မှုရလို့ တော်ပါသေးသည်။
မဟုတ်ရင် ဒီအချိန် ဒီလိုဗိုက်ဆာပုံနဲ့ ဒုက္ခရောက်နိုင်သည်။

BLOGGERWhere stories live. Discover now