Part 9

284 57 3
                                    

BLOGGER
- Part 9 -

"ကျွန်တော် ဒီည ခင်ဗျားနဲ့တူတူ မတည်းဘူး"

ဘန်ကောက်ကိုရောက်ရောက်ချင်း ချာတိတ်ပြောလိုက်တဲ့စကား ဖြစ်သည်။ ဘန်ကောက်ရောက်ပြီဆိုတော့ စ ပြီးတော့ စိတ်ဆိုးပြီထင်ပါသည်။

"အင်း တစ်ခန်းတည်းမနေချင်ရင် single room ငှားပေးမယ်နော်"

"မဟုတ်ဘူး ကျွန်တော့်ကို ကော လာခေါ်မှာ
ဒီည ကော နဲ့အိပ်မှာ... မနက် လေဆိပ်မှာဆုံမယ်"

"မဟုတ်သေးပါဘူး ချာတိတ်ရယ်
ကိုယ်တို့ကအလုပ်နဲ့တူတူလာကြတာလေ"

"ခရီးသွားနေတုန်း အလုပ်ကိစ္စပြီးရင် ကျန်တဲ့အချိန်က ကျွန်တော့်ကိုယ်ပိုင်အချိန်လေ
Khao Yai hiking & camping က ပြီးပြီလေ
အခုက ဘန်ကောက်မှာရောက်နေပြီ ကျွန်တော်ကြိုက်သလိုနေမယ်"

"ဒါပေမဲ့..."

"ကော..."

အသံစူးစူးလေးနဲ့အော်ခေါ်ပြီး ချန်ယောလ် အနောက်ဘက်ကို လက်လှမ်းပြနေသည်။ ချန်ယောလ်လှည့်ကြည့်လိုက်တော့ ကားပေါ်ကဆင်းလာသည့် အရပ်ရှည်ရှည်နဲ့ အမျိုးသားတစ်ဦး။ နေပါဦး... မနေ့က ချာတိတ်ဖုန်းထဲက ရိဖန်ကောဆိုတာ ဒီပုံမှမဟုတ်ဘဲ။ ဂျွန်မြောင်နဲ့ သိပ်မကွာတဲ့ ခန္ဓာကိုယ်အချိုးအစားနဲ့ ပါးချိုင့်တွေရှိသည်။ အခုလူက အရပ်ရှည်ရှည်နဲ့ မနေ့ကလူ လုံးဝ မဟုတ်တာသေချာပါသည်။ ဒါဆို ဘယ်သူကြီးလဲ။ မဟုတ်မှလွဲရော...ဘုရား ဘုရား....ချာတိတ်လေးရဲ့ ရည်းစားများလား။

လက်ကိုဆန့်တန်းပြီးကြိုနေတဲ့ရင်ခွင်ထဲကို လုံးနေအောင်ပြေးဝင်သွားတဲ့ ချာတိတ်လေးကြောင့် ရင်ဘတ်တောင်ဖိလိုက်မိသည်။ ဟိုအရှည်ကောင်ကလဲ အားမနာတမ်းဖက်ထားလိုက်တာများ သူ့လက်မောင်းတွေကြား ချာတိတ်လေးတောင် ပျောက်ဝင်လုမတတ်။ အရှည်ကောင်ကို မော့ကြည့်ပြီး စကားပြောနေတဲ့ ချာတိတ်လေးရဲ့ နဖူးကို တစ်ချိန်လုံး ငုံ့နမ်းနေသောကြောင့် သူ့လက်တွေထဲက ပြန်ဆွဲထုတ်ပစ်ချင်စိတ်ကို မနည်းထိန်းထားရသည်။

ကိုယ်က ချာတိတ်နဲ့ ဘာမှမှ မသက်ဆိုင်ဘဲ။ ဘာပြောခွင့်များရှိမှာလဲ။ လက်သေးသေးလေးကိုဆွဲပြီး ကားပေါ်တင်ကာ မောင်းထွက်သွားသော ကားနောက်မီးလေးကို ကြည့်ရင်းသာ ချန်ယောလ်တစ်ယောက်တည်း ကျန်နေခဲ့ရတော့သည်။

BLOGGERWhere stories live. Discover now