1

41.4K 1.4K 127
                                    


Unicode

'ဒေါက်တာမုဏ်းလွန်ကြိုး'(M.B.B.S) ကလေး အထူးကု ဆရာ၀န်ကြီး

ရှုပ်ရှုပ်သဲသဲဖစ်နေသော ဆေးရုံကြီးတွင် မုဏ်း တယောက် ကလေးများနှင့်တိုင်ပတ်နေ၏။ ငယ်ငယ်လေးကတည်းက ကလေးချစ်တတ်သော မုဏ်းက ယခုတွင်လည်း ပုဂ္ဂလိကဆေးရုံကြီးတစ်ခု၌ ကလေးအထူးကု ဆရာ၀န်သာလုပ‌်နေခြင်းဖစ်သည်။

"ဒေါက်တာ Room no,26 'မ' ကလေး တစ်ဦး အရေးပေါ်ပါ"

"ကျတော်အခုလာခဲ့ပါ့မယ်"

မုဏ်းသူ့လက်ထဲမှ အနှီးထုပ်ထားသော ကလေးလေးကို မိခင်ဆီပြန်ပြေး၍ စားပွဲပေါ်မှ နားကြပ်ကိုကိုင်ကာ အလျှင်မြန်ပေးရတော့သည်။ စားပွဲပေါ်မှ ကော်ဖီခွက်လေးကတော့ အေးဆက်စွာကျန်နေခဲ့သို့။

မုဏ်းက မကြာခင်28ပြည့်တော့မည့် လူကြီးဟု မထင်ရအောင် လှရက်လွန်းပါသည်။

ကိုရီးယားစတိုင် ဆံပင်ကိုမှ ဂုတ်ထောက်ထိရှိနေပြီး မျက်ခုံးမွေး စိမ်းစိမ်းလေးတွေက လူအုပ်ကြားထဲတွင် မုဏ်းကိုတန်းမြင်ရသလို နှာခေါင်းလုံးလုံးလေးနှင့် ဆေးဆိုးစရာမလိုသည့် နှုတ်ခမ်းပါးလေးတို့က ဆွဲဆောင်မှုတမျိုးပင်ဖစ်သည်။

မုဏ်း၏ထူးခြားချက်က လေးထောင့်ဆန်ဆန်အပြုံးလေးနှင့် မီးခိုးရောင် မျက်လုံး‌ေလးပင်။ မျက်မှန်တတ်ထားတာကြောင့် မသိသာသော်လည်း သေချာကြည့်လျှင် ထိုမီးခိုးရောင် မျက်လုံးလေး တွေက လှရက်လွန်းပါ၏။

ယောက်ျားတယောက်တွက် လှသည်ဆိုသော စကားကို မသုံးသင့်ပေမဲ့ မုဏ်းတွက်တော့သီးသန့်သုံးရခြင်း။

-------------------------
-------------------------

ခွပ်!!!

"မင်းအမကို သွားလိုးလိုက် မင်းမေစပ့ဘဲ"

ရန်ကုန်မြို့ရှိ အကျယ်ပြန့်ဆုံး ဘောလုံးကွင်းတစ်ခုတွင်ဖစ်သည်။ ဖြူ၊နီ၊ပြာ၊ဝါ ရောင်စုံဆိုင်ကယ်များက ၀န်းရံထားပြီး ထိုဆိုင်ကယ်များ၀န်းရံထားသော စုံမှတ်အလယ်၌ အသက်၁၈ကျော်" လူငယ်များရန်ဖစ်နေခြင်းဖစ်၏။

"ဟေ့ကောင်တွေ 'လျှန်းရှိုးသီဟိုရ်' ကိုဝိုင်းရိုက်ကျ"

"အဟက်~ မင်းတို့လိုကောင်တွေက ငါ့ကိုနိုင်မယ်ထင်နေလား"

MOUM{Completed}Where stories live. Discover now