18

11.5K 643 6
                                    


Unicode

"သမီး မပြေးနဲ့စမ်း ဒီကောင်မလေးတော့"

"ခစ်ခစ် ‌ဒယ်ဒီမိအောင်ဖမ်း ပါးပါးမီးမီးကိုဒယ်ဒီလိုက်ဖမ်းနေတယ် အူဝါး"

၁၀နှစ်အရွယ် ဂါ၀န်၀တ်ထားတဲ့သမီးလေးဟာသူ၏အဖေနှစ်ယောက်ကိုစနောက်ရင်း ပတ်ပြေးနေ၏၊ ဦးလွှမ်းမိုးမုဏ်းနှင့်ဦးလွန်ဆွဲ တို့၏မွေးစားသမီးလေး လွှမ်းကြိုးဟာခါးလောက်ရှိသည့်ဆံပင်ရှည်ကြီးကို နှစ်ဖက်စီး၍ဂါ၀န်ပြာနုနုလေးနှင့် မင်းသမီးလေးသဖွယ်...

မွေးစားသမီးလား?... ဒါပေါ့ဦးကိုယ်တိုင်ခေါ်လာတဲ့‌သမီးလေးလေ အမှန်တိုင်းပြောရရင်ဦးသတ်ခဲ့တဲ့လူရဲ့ သမီးလေးတဲ့ ဦးကလွန်ဆွဲပေါ်ယုံကြည်ချက်အရှိနဲ့ရှင်းပြတာမို့ လွန်ဆွဲကိုယ်တိုင်လည်းလက်ခံပါသည်။

သမီးရင်းမဟုတ်ပေမဲ့ လွှမ်းကြိုးလေးကိုတော့ လွန်ဆွဲကိုယ်တိုင်ချစ်၏!

လွန်ခဲ့သည့်ငါးနှစ်ခန့်က...။

ဂိုထောင်အပျက်ကြီးတစ်ခုတွင် သွေးအိုင်ထဲ၌မေ့လဲနေသော ကလေးမလေးကိုဦးလွှမ်း‌ေသွးပျက်သောမျက်လုံးနှင့်စိုက်ကြည့်နေသည်၊ တကယ်ဘဲသူ့သားကဒုက္ခရောက်မှာလား...

"Boss ဒီကလေးမလေးကိုဘာလို့မပစ်သတ်ခဲ့တာလဲ"

သူ၏လူယုံတော်အပြောကြောင့် ဦးလွှမ်းတချက်ရယ်လိုက်ပြီး

"အဟက်! ကလေးတယောက်ကိုသတ်ပစ်လောက်တဲ့ထိ ငါလူစိတ်မရှိတဲ့ကောင်မဟုတ်ပါဘူးကွာ"

Flash Back End_____

ထိုနေ့ပြီးသားမုဏ်းထွက်သွားပြီးအကြာ လွှမ်းကြိုးလေးကိုခေါ်လာခဲ့၍ ကလေးမပျင်းအောင်အဖော်ဖစ်ထားရှိခဲ့သောလည်း ကလေးကမွေးစားမည်ဆိုတာကြောင့် ဦးလွှမ်းလက်ခံလိုက်သည်။

"မိပြီကွ"

"ခစ်ခစ် ယားတယ် ပါပါးလာကယ်အုံး"

"ဦး သမီးလေးမောနေပြီ ဖယ်"

ကလိထိုးနေသော ဦးခန္ဓာကိုယ်ကြီးကိုတွန်း၍ သမီးလေးကိုထူစေပြီး ဂါ၀န်ပြာနုလေးရှိဖုန်တွေကို လွန်ဆွဲခါပေးလိုက်သည်။

"သမီး အပြင်မှာအေးတယ်အိမ်ထဲ၀င်တော့နော် ပါပါးတို့ပြီးရင်၀င်လာမယ်"

MOUM{Completed}Where stories live. Discover now