Final🤩

18.6K 703 14
                                    


Unicode

၃နှစ်ကြာပြီးနောက်...။

မီးဖိုချောင်တွင်အလုပ်ရှုပ်နေသော မုဏ်းသည် ရှိုးနှင့်သမီးလေးစားဖို့တွက် ညစာပြင်နေသည်ဖစ်၏၊ ဈေးမှပုဇွန်ထုတ်၀ယ်လာတာကြောင့် ဒီညတော့ပုဇွန်ဆီပြန်ချက်၍ ကျန်ရှိသောဟင်းနှင့်သာစားရတော့မည်။ဆရာ၀န်အလုပ်ကိုပြန်ထမ်းဆောင်ပြီး သုံးနှစ်ကြာ သမားတော်ရာထူးထပ်တိုးသွားတာ‌ေြကာင့် အလုပ်ရှုပ်ပြီးအိမ်ကိုအချိန်မပေးနိုင်ပေ!

ဆိုးတာကတော့မောင့်တွက်ပေါ့ သူ့ကိုအချိန်မပေးပါဘူးဆိုပြီး ရစ်လိုက်တဲ့အရစ်ကအိမ်ပြန်လာတိုင်းအမောမပြေ သို့ပေမဲ့ကိုယ်ကကြီးသူမို့ သည်းခံရ၏။

သမီးလေးမုဏ်းမေရှိုးလေး မွေးလို့သုံးလကြာဒယ်ဒီနှင့်ပါးပါးတို့နဲ့အိမ်ခွဲပြီး ကွန်ဒိုတစ်ခုတွင် သားဖသုံးယောက်၀ယ်နေသည်။

"ဘေဘီရေ မောင်ဗိုက်ဆာပီကွာ"

"မီးရောဘဲ ဗိုက်ချာတယ်"

ကလေးနှင့်အပြိုင်ဟင်းချက်နေသည့်နေရာကိုလာ၍ ခါးကိုလာဖတ်သောမောင့်ကို မုဏ်းနောက်ပြန်လှည့်ပြီး မောင့်ပါးအားနမ်းလိုက်သည်

"ရွှတ်*ခနဘဲမောင် ကျက်တော့မယ်"

"အူဝါး ပါးပါး မီးကျတော့နမ်းဘူး"

"အဟား အတတ်လေးလာပါအုံးပါပါးဆီ"

လက်လေးနှစ်ဖက်မြှောက်ကာချီခိုင်းသော သမီးလေးကို မုဏ်းချီလိုက်ပြီး

"ရွှတ်* ရွှတ်* ရွှတ်"

"ဟာ ဘေဘီ မောင့်ကျတော့တချက်ထဲ~ နမ်းအုံးကွာ"

"မရဘူးမောင်"

"ဘေဘီမနမ်းရင် မောင်နမ်းမယ်ကွာလာခဲ့ ရွှတ်* ရွှတ်"

"ပါးပါးနဲ့ဒယ်ဒီ ထမင်းချားမယ်ရေ နောက်မှဆက်နမ်းကြညော်"

သမီးလေးပြောမှ မောင်သည်သူ့အားနမ်းတာကိုရပ်လိုက်ပြီး

"အဟမ်း ဟုပြီ ဒယ်ဒီတို့ထမင်းစားပြီးမှ..."

"မောင်!"

"ဟားဟား စတာပါဗျာ"

.
.
.
.
.
.
.

ကြယ်ရောင်စုံတောက်ပနေသော ကောင်းကင်ကြီးထက် လမင်းကြီးသည်လည်း၀င်းထိန်ပြီးတောက်ပနေလို့...အသက်၃၃နှစ်ရွယ်ကောင်လေးကလည်း ထိုကောင်ကင်းပြာကြီးကိုငေးမော့ကြည့်နေသည်မှာ ပန်းချီကားတချပ်လို လှပလွန်းလှသည်။

MOUM{Completed}Where stories live. Discover now