17

11.1K 644 5
                                    

Unicode

"မောင်တော်တော့လို့!"

မောင်ဆိုသည့်အသံကြားသည်နှင့် ရှိုးသည် ခွန့်နောင်အားထိုးနေသည့်လက်သီးချက်များကိုရပ်တန့်ပြီးမုဏ်းရှေ့သို့လျှောက်သွားလိုက်၏။ငါးနှစ်ကြာမှခေါ်သည့်‌နာမ်စားလေးကြောင့် ရှိုး၏နာကျင်ပူလောင်နေသောအရာအားလုံးက ရေနဲ့ပက်သလိုရှိန်းခနဲငြိမ်းသွားသည်။

ခင်ဗျားကျုပ်အားနည်းချက်ကိုသိပ်သိတာဘဲမုဏ်း၊ ခင်ဗျားကိုနာကျင်ယုံသက်သက်လေးဘဲလုပ်ချင်ပေမဲ့ မောင်ဆိုတဲ့အသံလေးကြားရင် ကျုပ်ကိုကျုပ်ဘဲနာကျင်စေမိတော့တယ်! ခင်ဗျားကြောင့်ရူးတော့မယ်မုဏ်း ကျုပ်ရူးမိတော့မယ်။

ခင်ဗျားအဖေကကျုပ်နဲ့သဘောမတူလို့ ခင်ဗျားကျုပ်နားကထွက်သွားတာကိုလည်းသိတယ်... ဒါပေမဲ့ခင်ဗျားဘက်ကဘာလို့ အမှန်တိုင်းမပြောချင်ရတာလည်း မုဏ်းရယ်...။

အချစ်ဆိုတဲ့အရာကတစ်ပါးသူပေါ်နာကျင်ရတယ်တဲ့ ကျုပ်တွက်တော့မဟုတ်ဘူးမုဏ်း အချစ်ဆိုတာ ကျုပ်တွက်ဘဲနာကျင်နေရတယ်

လျှောက်လှမ်းလာသည့်ခြေလှမ်းများ မုဏ်းရှေ့သိုရောက်လာပြီဆိုလျှင်...

"မုဏ်း"

"မောင် ဟင့်~"

မုဏ်းခန္ဓာကိုယ်ကမြေပြင်ပေါ်သို့ လှဲကျမည့်အလိုတွင် ရှိုးဖမ်းထိန်းထားလိုက်ပြီး...

"မုဏ်း! သတိထားအုံး"

မင်းရင်ခွင်ထဲမှာခနလောက်ခိုနားပါရစေ...ပြန်လက်ခံမယ်ဆို ထာ၀ရပေါ့မောင် အခုတော့ငါပင်ပန်းနေပြီ...


ကားမှန်ပြင်ရှိ သစ်ပင်နှင့်လူနေအိမ်တချို့ကိုသာကြည့်နေရင်း စိတ်ကအလိုလိုဒေါသထွက်မိသည်၊ တကယ်ဆို ဒီလူကြီးကအကိုမုဏ်းကိုချစ်နေတာမလား?အဲ့တာနဲ့ဘဲ ဘာလို့လျှန်းလက်ထဲ အကိုမုဏ်းကိုပြန်ထဲ့ပေးလိုက်သေးလည်း!

မျက်နှာရှိဒဏ်ရာများကိုလျစ်ရှူ၍ တည်ငြိမ်စွာကားမောင်းနေသော စစ်ခွန့်နောင်ကြောင့် မင်းသစ္စာစိတ်ကအလိုလိုဘ၀င်မကျလှ~

မနာလို့လား? ဒါမှမဟုတ်နာနေတာကိုမနာတဲ့သဘောနဲ့ဟန်ဆောင်နေတာလား?... ကိုယ့်ဘက်ကစပြီးဘဲ စကားပြောရမဲ့ကံပါလာတာကြောင့်

MOUM{Completed}Where stories live. Discover now