ep -1

14.4K 186 11
                                    


"မမွေးဘူး" ........."ဒီခလေးကိုသမီးမမွေးနိုင်ဘူး"...... မမွေးဘူးမေမေ....... မမွေးပါရစေနဲ့........."မေမေ..... သမီးတောင်ပန်းပါတယ်မမွေးပါရစေနဲ့"......... သမီးဖျက်ချမယ်နော် ......အဲ့လူစိတ်မရှိတဲ့လူရဲ့သွေးသားကိုမမွေးပါရစေနဲ့မေမေရယ်....... အင့်ဟင့်ဟင့်....... အရူးတစ်ယောက်လိုအော်ငိုနေတဲ့ သမီးကိုကြည့်ပီး ........အမေ့တယောက်အနေနဲ့ဘယ်နည်းနဲ့မှဖြေသိမ့်လို့မရနိုင်ပါ!........ မေမေဆေးရုံသွားရအောင်နော်မေမေ......." ဒီကလေးကိုသွားဖျက်ချမယ်နော်လို့မေမေ,......

သမီးလေးရယ်လို့ခေါ်ပီး... အရူးတစ်ယောက်လို့ငိုငိုပီးပြောနေတဲ့ ကျွန်မရဲ့ရင်နှစ်သည်းခြာလေးကို ကျွန်မရဲ့ရင်ခွင်ထဲ ဆွဲဖက်ထားလိုက်မိသည်

သမီးလေး မေမေ့ကိုကြည့် သေချာနားထောင်နော် မေမေတစ်ခုပြောပြမယ် မျက်ရည်တွေသုတ်လိုက်ပါအုံး မေမေ့သမီးလေးကလိမ်မာပါတယ်.....

ဒီကိစ္စဟာ မေမေ့သမီးလေးရဲ့အမှားမဟုတ်သလို သမီးဗိုက်ထဲက ခလေးလေးရဲ့ အမှားလဲမဟုတ်ဘူး

ဒါတွေက ကံကြမ္မာ ရဲ့အလိုကျ ဖစ်တည်လာတာ

မေ့မေ့သမီးလေးက အရမ်းငယ်သေးတော့ လက်မခံနိုင်ဘူးဆိုတာ မေမေနားလည်ပါတယ် ခလေးရယ်....

အသက်တစ်ချောင်းဟာ မသတ်ကောင်းဘူးသမီး.... ဝဋ်ဆိုတာကြီးကိုယ်နောက်ကပ်ပါလာတတ်တယ် သမီးဖျက်ချမယ်ထား သမီးရဲ့အသက်အန္တရာယ်ပါ မထိခိုက်န်ုင်ဘူးဆိုတာ သေချာမသိဘူး ....

မေမေတို့ကြိုတင်ပီးမြင်တွေ့ရတာလဲမဟုတ်ဘူး ....သမီးပါအသက်ဆုံးရှုံးနိုင်တယ်ဆိုတာ ပီးတော့ မေမေသမီးလေးကို ခက်ခက်ခဲခဲနဲ့မွေးထားရတာ သမီးလေးပါတခုခုဖစ်ရင် မေမေမခံစားနိုင်ဘူး မေမေရင်ကွဲမှာသမီးရဲ့.....

သမီးလေးကို ဒီနေ့ဒီချိန် ဒီအသက်ရွယ်ထိ ဖေဖေနဲ့မေမေ မဆူရက် မရိုတ်ရက် ပိုးမွေးသလိုမွေးမြူခဲ့တာ ဘာကြောင့်လဲ သမီးသိလား သမီးဟာ ဖေဖေနဲ့မေမေ နှစ်ယောက်ပေါင်းစပ်ပီး ဖစ်တည်လာတဲ့မျိုးစေ့လေး မေမေတို့စိုက်ပျိုးထားတဲ့ အနာဂတ်ပန်းပွင့်လေး

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now