ep-5

3.9K 94 2
                                    

ဆရာ ခဏ စိတ်မရှိပါနဲ့နော်
စောနကဆရာပြောလိုက်တဲ့ထဲက မိခင်နဲ့ခလေးဆိုတာလေ အဲ့တာကျွန်တော်နားကြားများမှားသွားလားမသိလို့ဆရာ မိခင်ကောခလေးကောအသက်ဆုံးရှုံးရမှာဆိုတာလေ အဲ့နားလေးကမှားနေတယ်ထင်တယ်ဆရာ

ကျွန်တော်တို့သမီးလေးက ခုမှအထက်တန်းကျောင်းသူပါဆရာ ပီးတော့မိဘရင်ခွင်ထဲဆိုးလို့ချွဲလို့ကောင်းနေတုန်းအရွယ်ပါဆရာ ဆရာပြောတာကြီးကမဖြစ်နိုင်ဘူးထင်တယ် ဆေးပညာကိုစော်ကားတာတော့မဟုတ်ပေမဲ့ တချက်လောက်ပြန်စမ်းသပ်ပေးလို့ရမလားခင်ဗျာ.....

ပီးတော့ကျွန်တော်သမီးလေးရဲ့ပါးလေးကိုတောင်နမ်းမဝသေးပါဘူးဆရာ အဲ့အရွယ်လေးကမိခင်လောင်းလျာတဲ့လား .....

ဆရာတို့လဲစိတ်မကောင်းပါဘူး .......ကျွန်တော်ကိုယ်တိုင်လဲသမီးရှိတာမို့ အဖေတစ်ယောက်ရဲ့ခံစားချက်ကိုနားလည်ပါတယ် ပီးတော့ ကျွန်တော်တို့ဆရာဝန်တွေကောနပ်စ်တွေကောမှားယွင်းမှုထင်ပီးအကြိမ်ကြိမ်စစ်ဆေးပီးပါပီး အဖြေက ခလေးရှိတယ်ဆိုတာပဲထပ်ထွက်ပါတယ်.....

ခင်များရဲ့လက်ရှိအခြေနေကိုကြည့်ရသလောက်က     သမီးဖစ်သူကဘာလို့    အိပ်ဆေးသောက်လဲဆိုတာကို နားလည်လိုက်ပါပီး   .......

ဟုတ်ပါတယ်    ခင်များတို့ရဲ့သမီးလေးမှာကိုယ်ဝန်ရှိနေပါပီး

ဆရာဝန်တယောက်အနေနဲ့ဤအခြေနေက မိသားစုဝင်တွေအတွက်ဝမ်းသားစရာသတင်းဖစ်ပေမဲ့ ခင်များအတွက်တော့   ကျွန်တော်တို့လဲဘယ်လိုအားပေးရမလဲမသိတော့ပါဘူး.......

' ကိုယ်ဝန်ကဘယ်နှလလဲဆရာ?"လို့ဦးကောင်းမြတ်အရဲစွန့်မေးလိုက်မိသည်.......!

တလလောက်ပဲရှိပါသေးတယ်

ဒီလိုအခြေနေမျိုးမှာ မိခင်ကောခလေးကော ဘာမှထိခိုက်မှုမရှိတာ ဘုရားရှင်ကပေးတဲ့ဆုလာဘ်ပါပဲ ......

ဒါဆို ကျွန်တော်အလုပ်လေးရှိသေးလို့ သွားခွင့်ပြုပါအုံး ခင်ဗျာ.....

ဟုတ်ကဲ့ ကျေးဇူးပါ ဆရာလို့ ဒေါ်မြခတ်နွယ်ကပဲ စကားဆိုလိုက်သည်.....

'မိန်းမ!ကိုယ်နားကြားမှားနေတာလား?
ဒါမှမဟုတ် အိမ်မက်မက်နေတာလား?ဆရာဝန်ကပဲ အမှားတွေ‌ေ‌ေပြာတာလား ကိုယ်ကိုတခုခုေ‌ပြာပါအုံး.....
မိန်းမဖစ်သူကိုလှမ်းကြည့်မိစဥ် မျက်လုံးမှာမျက်ရည်အပြည့်နဲ့သူမသိထားပီးပီးဆိုတဲ့သဘော
ခုနကခွဲစိတ်ခန်းရှေ့မှ မြပြောစရာရှိတယ်ဆိုတာ အဲ့ကိစ္စပဲကိုယ်
ဘာ!
မြဘာတွေပြောနေတာလဲ?
ကိုယ်တို့သမီးလေးက ပျိုဖော်ဝင်ခါစအရွယ်ဆယ်ကျော်သက်သာသာလေး မင်းကမအေဖစ်ပီးတော့
ကိုယ်စိတ်အေးအေးထားပါအုံး ဒါအလိမ်တွေမဟုတ်ရပါဘူး........ အမှန်တရားပါ
မပြောနဲ့!. .... တော်ပီး မင်းဆက်မပြောနဲ့တော့
ဦးကောင်းမြတ်တယောက်ကျာ်းကြီးတန်မဲ့မျက်ရည်တွေကျနေရပါပီး.......ကျွန်တော်ရင်ထဲကခံစားချက်တွေကိုသမီးရတနာရှိတဲ့ဖခင်တိုင်း.....နားလည်မယ်လို့ထင်ပါတယ်
ဦးကောင်းမြတ်ပါးပေါ်ကမျက်ရည်တွေသုတ်ပီး....အဲ့ကောင်ဘယ်သူလဲ ငါ့သမီးကိုဒီလိုဘဝရောက်အောင်လုပ်တာဘယ်ကောင်လဲ?
ဟိုသူနဲ့မေတ္တာမျှနေတယ်ဆိုတဲ့သူ့ရည်းစားမောင်ထက်မြတ်လား.....
ဒီလောက်ထိမိဘဖစ်တဲ့ငါတို့တွေနားလည်ပေးထားတာ...ကျောင်းပီး ရင်လဲစေ့စပ်ထားပီးဘွဲ့ ရရင်လက်ထပ်ပေးပါ့မယ်လို့မိဘချင်းကတိတွေပေးထားတာ!
ငါသွားသတ်မယ် အဲ့ကောင်ကို ငါအရှင်ထားမယ်မထင်နဲ့.....
တကယ်ကြီးပြောပီးအခန်းထဲကထွက်တော့မဲ့ခင်ပွန်းကို မြဆွဲထားမိတယ်
"မသွားပါနဲ့".....ကိုရယ် မသွားပါနဲ့......
မြ မင်းကိုယ်လက်ကိုလွှတ်လိုက် ဖယ် ငါ့လက်ကိုလွှတ်လို့ပြောနေတယ်ကွာ ဦးကောင်းမြတ်ချစ်ဇနီးရဲ့လက်ကိုအတင်းဆွဲဖြုတ်လိုက်သည်
ငါကဘယ်လိုစိတ်မျိုးထားပီးအဲ့ကောင်ကိုမသတ်ရမှာလဲ ငါသမီး တခြားသူမဟုတ်ဘူး ပီးတော့ငါ့သမီးကစျေးမှာတစ်စီး၅၀နဲ့ရောင်းနေတဲ့ဟင်းရွက်ကန်စွန်းမဟုတ်ဘူး........
မြရှင်းပြတာလေ အရင်နားထောင်ပေးပါအုံးကိုယ်ရယ် မြတောင်းဆိုတာပါ အင့်....ဟင့်ဟင့်.........
ခဏမျှတိတ်ဆိတ်သွားပီးနောက်......သမီးလေးကိုယ်ဝန်က မောင်ထက်မြတ်နဲ့ရတာမဟုတ်ဘူး.....
ဘာ!
ပြောစရာစကားလုံးကျွန်တော်ဆီမရှိတော့ပါ.....အရဲစွန့်မေးလိုက်မိသည်
အဲ့ကိုယ်ဝန်ဘယ်သူနဲ့ရတာလဲလို့
မြပြန်ပြောလေသည်က ....သမီးရဲ့သူငယ်ချင်းမရဲ့အကိုဇွဲမြတ်ထူးနဲ့တဲ့လေ.....
ဘုရား.....ဘုရား.....
ဘာတွေဘယ်လိုဖြစ်ပျက်ကုန်လဲမတွေးတတ်တော့ပါ
"မြ"
မင်းအကုန်သိနေတာတောင် ငါ့ကိုဘာလို့မပြောဘဲဖုံးကွယ်ထားရတာလဲ?
မြလဲဒီမနက်မှ သိရတာပါကိုရယ်.....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now