ep-22

2.2K 57 4
                                    

သြော် ထက်မြတ် ပြန်လာပီလား ကြေးမုံနဲ့ စကားပြောတာ အဆင်ပြေရဲ့လား

ပြေပါတယ် ငါစောင့်နေတာကြာသွားတယ်မလား တောင်းပန်ပါတယ်သံသာရယ်

နင်နဲ့ငါကြားမှာ အဲ့စကားကလိုအပ်လို့လား ငါကတော့ ငါမှားမှားမှန်မှန် တောင်းပန်မှာမဟုတ်ဘူးနော် ထက်မြတ်

အေပါကွာ နင်တောင်းပန်စရာမလိုဘူး နင်ကငါ့ညီမလေးပဲဟာ ငါကအမြဲတမ်းခွှင့်လွှတ်ပေးမှာပေါ့

ငါကနင့်ညီမလေးမဖစ်ချင်ပါဘူး အဲ့ထက်ပိုချင်နေပီး

ဘာပြောလိုက်တာလဲ သံသာ ငါမကြားလိုက်လို့

ဘာမှမပြောလိုက်ပါဘူး

ဟုတ်လား ငါနားကြားမှားတာဟုတ်မယ်

အိမ်ပြန်ကြရအောင် စာမေးပွဲပီးတဲ့အထိမ်းအမှတ်အနေနဲ့ နင့်ကိုမုန့်လိုက်ဝယ်ကျွေးမယ် သံသာ

နင်ဘာစားချင်လဲပြော

တကယ်ပြောတာလား ထက်မြတ်

တကယ်ပေါ့ နင်နဲ့ဒီလိုမုန့်တူတူမစားဖစ်တာတောင်ကြာပီး

ကြာမှာပေါ့ နင်ရည်းစားရထဲက ငါ့ကိုအဖတ်မှမလုပ်တော့တာ ခုကြေးမုံနဲ့ပြတ်မှ ငါသတိရတာမလား

ဘယ်လို ဘယ်လို ငါကြေးမုံနဲ့လမ်းခွဲတာ နင်ဘယ်လိုသိ

ငါတို့ကို အချစ်ဆုံးသူငယ်ချင်းတွေမလား ငါမသိပဲနေမလား ပီးတော့နင်တို့နှစ်ယောက် အမူအရာကိုကြည့်တာနဲ့ တခုခုဆိုငါတန်းသိတော့တာပဲ အဟီး...

နောက်ဆုံးတော့လဲ ငါ့အနားမှာနင်ပဲရှိတော့တယ် သံသာ

နင်ကော အချိန်တန်လို့ ဘဝလက်တွဲဖော်တွေ့ရင် ငါ့ကိုထားသွားမှာပဲလား

နိုးပါနော် ငါကနင့်ဘေးနားမှာ အရိပ်လိုပဲအမြဲတမ်းရှိနေမှာ နင်မောင်းထုတ်တာတောင် ငါထွက်သွားမှာမဟုတ်ဘူး

ပြောတာပဲ ငါစောင့်ကြည့်ရမှာပေါ့

ဒါနဲ့ခုနက မုန့်ဝယ်ကျွေးမယ်ဆိုတာ နင်မမေ့ပါဘူးနော်

မမေ့ဘူး ညကြငါလာခေါ်မယ် လမ်းမတော်မှာ နင်အကြိုက်ငါလိုက်ဝယ်ကျွေးမယ်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now