ep-54

1.2K 36 36
                                    


ဦးယံ ကိုသားကြီး အထဲမဝင်တော့ဘူးနော် မင်းအမ ဒေစီကိုလိုက်ပို့ပေးရအုံးမှာမို့လို့

ရပါတယ် ကိုသားကြီး နောက်မှတွေ့မယ်နော် လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

မဒေစီ အိမ်ကိုသေချာပြန်အုံးနော် အိမ်ရောက်ရင်လည်း ကျွန်တော်ကိုဖုန်းဆက်အုံး

စိတ်ချပါ ဦးယံရဲ့ မဒေစီ ကလေးမဟုတ်တော့ပါဘူး

ကဲ ကိုသားကြီးသွားပြီနော်

မဒေစီလည်း သွားပြီး

ဘိုင့်ဘိုင့် ဦးယံ

ကိုသားကြီးတို့ကား ခြံဝင်းထဲက မောင်းထွက်သွားမှ ဦးယံ အိမ်ထဲသို့ မျက်နှာမူလိုက်သည် ဒီအချိန် ချီချီနဲ့ငယ်လေး ကျောင်းမှာပဲရှိအုန်းမယ်

ဦးယံတစ်ယောက် လက်ထဲမှာလည်း အထုပ်တွေအပြည့် ကိုင်ပြီး ပျော်ရွှင်စွာ အိမ်ထဲသို့ ဝင်လာခဲ့သည်

တစ်လနီးပါးလောက် အိမ်ရဲ့အဝေးမှာ ရုပ်ရှင်ရိုတ်ခဲ့ရတော့ ချစ်ရတဲ့မိသားစုတွေရှိတဲ့အိမ်အစစ်မှန်ကို ပြန်ရောက်လာတဲ့ ခံစားချက်က လတ်ဆတ် နေခဲ့သည် သူလက်ထဲကိုင်ထားတဲ့အထုပ်တွေကို ကြည့်ကာ ပြုံးလိုက်မိသည် အိမ်အပြန်လမ်းတစ်လျှောက် ဆိုင်တစ်ဆိုင်တွေ့တိုင်း ပါးပါးတို့အတွက် လက်ဆောင်တွေကိုယ်တိုင်ဆင်းဝယ်ခဲ့တာမလား

အိမ်ထဲရောက်တော့ မားမား ရှိနေမလားလို့ မျက်လုံက ‌စေခိုင်းမှု ညွှန်ကြားချက် မရှိဘဲ ရှာကြည့်လိုက်သေးသည်

ပြီးတော့ သူရဲ့ မွေးစားအမေ နို့တိုက်အမေလို့ခေါ်ရမလား ငယ်ငယ်ထဲကနေ ထိန်းကျောင်းလာတဲ့ ကြီးကြီးပုကို ကြည့်လိုက်တော့ ထုံးစံအတိုင်း မီးဖိုခန်းထဲ ဟိုချက်ဒီချက်နဲ့ အလုပ်ရှုပ်နေသည်

ဒါတောင် ဦးယံပြန်လာမယ်လို့ ကြိုမပြောပြထားဘူး ဒီနေ့ ဦးယံပြန်လာမယ်ဆိုတာ ကြီးကြီးပုတို့များ သိရင် ထမင်းစားပွဲ မှာ ဘုရင်စားတော်အုပ်တည်ထာထက် များလိုက်မဲ့ ဟင်းအမယ်တွေ ဦးယံ တွေးပြီး ပြုံးလိုက်မိသေးသည်

မီးဖိုခန်းထဲ အလုပ်ရှုပ်နေတဲ့ ကြီးပုဆီ တိုးတိုးလေးသွားပြီး အနောက်ကနေ ဖတ်ကာ သနပ်ခါးတွေခြယ်သထားတဲ့ ပါးပြင်လေးကို နမ်းလိုက်တော့

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now