ep-14

2.8K 73 0
                                    

အပေါ်ထပ်ရောက်တော့ ကိုကိုခဏနေအုံး သံသာမေးစရာရှိလို့

ကိုကိုကမှေးလေငေါ့ပြတယ် မေးဆိုတဲ့သဘောမျိုး

ဘာလို့မာမီကိုလိမ်ပြောရတာလဲ? ကိုကိုလိမ်တာညာတာကိုမကြိုက်ဘူးမလား ဘာလို့ ကိုကို ကိုယ်တိုင်က လိမ်ပြောရတာလဲ

ဘာကိုဆိုလိုချင်တာလဲ သံသာ ?

ကြေးမုံကိစ္စလေ သံသာပြောပီးပီးပဲ သံသာလုပ်တယ်ဆိုတာ သံသာအဲ့လိုလုပ်တာကိုကို စိတ်မနာဘူးလား သံသာကိုမမုန်းဘူးလား သံသာကဒီလိုတွေဖစ်အောင်ဖန်တီးလိုက်တာ

" နင့်အမှားမဟုတ်ဘူး ငါ့အမှား အဲ့တာကြောင့် စိတ်ထဲမထားနဲ့ ငါခွင့်လွှတ်တယ်အစ်ကိုတစ်ယောက်အနေနဲ့လမ်းမှန်ရောက်အောင်မသွန်နိုင်ခဲ့တဲ့ငါ့အမှား နောက်တခါအလားတူဖစ်ရပ် ထပ်ဖစ်ခဲ့ရင် ငါလုံးဝနင့်အကိုမလုပ်တော့ဘူး အဲ့တာကိုမှတ်ထား ဘယ်တော့မှမမေ့လိုက်နဲ့ ငါ့အပေါ်ပဲမဟုတ်ဘူး တခြားသူတွေအပေါ်မှာကော စိတ်ကိုဖြူအောင်ထား ....."

ဆိုးရိုးစကားတခုကြားဖူးတယ်မလား "သားသမီးမကောင်း မိဘခေါင်း'
"တပည့်မကောင်း ဆရာခေါင်း"
ခုတော့ ငါ့အတွက် " ညီမမကောင်း အကိုခေါင်း".....ဘယ်လောက်အဓိပ္ပါယ်ရှိတဲ့ ဆိုရိုးစကားလဲ စကားလုံးလေးတွေသိပ်လှတာပဲ သံသာ

ပီးတော့ ဒီကိစ္စကနင်ပယောဂမကင်းဘူးဆိုတာ ဘယ်သူ့ကိုမှမပြောမိစေနဲ့ အထူးသဖြင့် ကြေးမုံနဲ့ သူ့မိသားစုအပေါ် နင်ဒီလောက်တော့သဘောပေါက်မှာပါ အကိုတစ်ယောက်အနေနဲ့ ငါ့ကာကွယ်ပေးနိုင်တာဒီအထိပဲ ငါပြောတာနားလည်လား

သံသာခေါင်းညှိတ်ပြလိုက်သည်

ရေချိုးတော့ မာမီစောင့်နေတယ်မလား ပီးမှ အောက်ထပ်မှာတွေ့မယ် အခန်းထဲဝင်တော့

အခန်းထဲရောက်သော်လည်း သံသာရေမချိုးနိုင်သေးပါ သံသာလုပ်ရက်ကမှားနေတယ်ဆိုပေမဲ့ သံသာကတော့ကျေနပ်တယ် သံသာလဲ လူပဲ အသွေးနဲ့အသားနဲ့ဖွဲ့စည်းထားတာ ခံစားချက်ဆိုတာရှိတယ် သံသာလဲအချစ်ခံချင်တာပေါ့ ကြေးမုံ သံသာဘဝထဲဝင်ရောက်လာထဲက သံသာက အပါယ်ခံဖစ်သွားတာ သံသာမုန်းတယ်အဲ့ဘဝကို အထူးသဖြင့် ထက်မြတ်ကိုသံသာဟိုခလေးဘဝထဲကချစ်လာခဲ့တာ ကြေးမုံကနောက်ကျမှရောက်လာပီး သူက ထက်မြတ်ရည်းစားတဲ့လား ဘာတဲ့ ဘွဲ့ရရင်လက်ထပ်ကြမယ်ဆိုပဲ သံသာကကော ဘာဖစ်သွားလဲ သံသာရှုံးသွားပီးအရာအားလုံး ပညာရေး အချစ်ရေး လူမှုရေး ဘာလို့သံသာထက် ကြေးမုံက ပိုသာနေရတာလဲ? မာမီနဲ့ဒယ်ဒီကလဲ သူနဲ့အမြဲနှိုင်းပီးပြောတယ် ကိုကိုကလဲ သံသာထက် ကြေးမုံကိုပိုချစ်နေတာ ကျောင်းကဆရာ ဆရာမတွေ သူငယ်ချင်းတွေ အကုန်လုံးက ကြေးမုံကိုပဲ ဝိုင်းချစ်ကြတယ် သံသာဘာတွေမှားနေလို့လဲ သံသာလဲအသက်ရှိလူသားပဲ ဘာလို့ သံသာကိုမျက်ကွယ်ပြုကြတာလဲ အဲ့တော့ သံသာလိုချင်တယ် သူ့ကို လူတွေအားလုံးက ကျောခိုင်းသွားမှာကို သံသာမြင်ချင်တယ် လူတွေကသူ့ကို ပစ်ပယ်မှာ လက်ညှိုးဝိုင်းထိုးမှာ ပီးတော့လှောင်ပြောင်ကြမှာကို သံသာလိုလားတယ်

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now