ep-63

1.6K 36 15
                                    


ဦးယံ မားမားနဲ့အချေတင်ဖြစ်ရာကနေ ငိုပြီးအိပ်ပျော်သွားကာ တစ်စုံတစ်ယောက်က ဦးယံရဲ့မျက်နှာပြင်ကို ညှင်သာစွာထိတွေ့နေမှုက်ို ဦးယံ ဦးနှောက်ကော နှလုံးသားထဲကပါ ခံစားမိလိုက်သည် ဒီလက်အထိအတွေ့ရဲ့ မူရင်းပိုင်ရှင်ကို ဦးယံ သေချာသိတာပေါ့ ဦးယံ မျက်နှာထက်အပြုံးတစ်ပွင့် ဖန်တီးလိုက်ပြီး ထိုလက်ပိုင်ရှင်ကို ဆုပ်ကိုင်ထားလိုက်ပါတော့သည်

ဖွားဖွားကြီး ဘယ်တော့ထဲက ရောက်နေတာလဲ

ဟွန့် ကောင်စုတ်လေး မျက်စိမဖွင့်ဘဲနဲ့တောင် ဖွားဖွားကြီးဆိုတာ ဘယ်လိုသိလည်း

အဲ့တော့မှ ဦးယံ မျက်စိဖွင့်လိုက်ပြီး

သိတာပေါ့ သားကို ငယ်ငယ်လေးထဲက ခုလိုမျိုး နူးနူးညံ့ညံ့လေးထိတွေ့တာ ဖွားဖွားကြီးပဲရှိတာကို ပြီးတော့ ဦးယံ သူ့ဖွားဖွားကို ဖတ်လိုက်ပြီး နှားခေါင်းလေးရှုံ့ကာ ဒီအနံ့ ဖွားဖွားကြီးနားကပ်လိုက်တိုင်း အမြဲရနေကျ နံ့သာဖြူနံ့လေးက သင်းပျံ့နေတာ မသိဘဲနေမလား

ဟုတ်ပါပြီး ခုကော သက်သာရဲ့လား

အင်း ဖွားဖွားကြီးရှိနေလို့ သက်သာလာပြီး

မြေးကြီးရယ် အလုပ်လည်းလုပ်တာပေါ့လုပ်တာပေါ့ကွယ် ကျန်းမာရေး လည်းရှိသေးတယ်လေ ဟိုတစ်ခါတုန်းကလည်း ချောင်းသာမှာ မူးလှဲလို့ဆို ဖွားဖွားကြီး သတင်းကြားကြားချင်း စိတ်ပူသွားတာပဲ ချက်ချင်းလာတွေ့ချင်ပေမဲ့ အခြေနေကမပေးတော့ မလာရဘူး ခု ဖွားဖွားကြီး မြေးကြီးကိုလာတွေ့တော့လည်း ဆေးရုံရောက်နေတယ်တဲ့ ဘယ်နှယ်တုန်း ဖွားဖွားကြီးရင်ဝကို ခြေထောက်နဲ့ဆောင့်ကန်နေသလိုပဲ ခံစားရတယ်

သား တောင်းပန်ပါတယ် ဖွားဖွားကြီးရယ် နောက်ခါ ဖွားဖွားကြီးစိတ်ပူအောင်မလုပ်တော့ဘူးလို့ ကတိပေးတယ်

ဖွား မြေးကြီး မွေးတုန်းကလေ ကောင်းကင်ယံမှာလကြီးက ထိန်ထိန်သာနေတုန်း ကြယ်ရောင်တွေလည်းတောက်ပနေတာ တဖြတ်ဖြတ်နဲ့ လေအေးလေးပါ တိုက်ခတ်နေသေးတယ် အဲ့ညချမ်းလေးက ဖွားဖွားကြီးအတွက် အမှတ်တရပဲ ပြီးတော့ မြေးကြီးမွေးတုန်းက ဝဝကစ်ကစ် လေး ဖွားဖွားကြီးနဲ့ဖ်ိုးဖိုးကြီးရဲ့ လက်ပေါ်ကနေ ချမဝလေးဖြစ်ခဲ့တာ ခုတော့များ ပိန်သွားလိုက်တာ မြေးကြီးရယ် ခုလိုမျ်ိုး ပင်ပင်ပန်းပန်းအလုပ်လုပ်နေစရာမလိုပါဘူး ဖွားဖွားကြီး စည်းစိမ် ဥစ္စာတွေဟာ မြေးကြီးအတွက်ကြီးပဲဟာ

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now