ep-16

2.4K 56 0
                                    

ထက်မြတ် ငါညှောင်းနေပီးဟာ ဒီလိုအပြစ်ပေးခံရမှန်းသိရင် နင်နဲ့ကျောင်းပြေးမလို့သဘောတူမိမှာ မဟုတ်ဘူးဟာ

ထက်မြတ် ထက်မြတ် ငါပြောတာကြားလား ကောင်စုတ် ....

ဟမ်....သံသာ နင်ငါ့ကိုဘာပြောလိုက်တာလဲ?

နင်ရုံးခန်းထဲဒီလောက်ထိငေးနေတာလဲ ဘာလဲရုံးခန်းထဲမှာ နင်ဆော်ရှိလို့လား ....

သံသာမေးသာမေးရတာ သူ့ဆီကထွက်ကျလာမဲ့စကားလုံးကို မှန်သည်ဖစ်စေ မှားသည်ဖစ်စေ နားထောင်ဖို့ ခံနိုင်ရည်မရှိပါ သူ့ကိုအဲ့လောက်ထိ တိတ်တခိုးစွဲလန်းနေမိလို့...

ဟုတ်တယ်ဟ ဒါနဲ့နင်ကဘယ်လိုသိလဲ

တကယ်ကြီးလား ငါကစနှောက်ပီးမေးလိုက်တာကို

ဟိုမှာတွေ့လား ရုံးခန်းထဲကိုကြည့်လိုက် ကျောင်သူသစ်ထင်တယ် ဘယ်အတန်းကလဲမသိဘူး

သူ့ပြတဲ့နေရာကို သံသာကြည့်မိလိုက်တယ် ခပ်ချောချောကောင်မလေးကို ကြည့်ပီး သံသာ ကိုဘာသာကိုသိမ်ငယ်မိသည် သံသာကရုပ်မဆိုးပေမဲ့ သူလောက်မိန်းမဆန်ပီးချစ်စရာကောင်းတဲ့အထဲမပါ ပါ ပထမဆုံး သူ့ကိုမနာလိုမိသည် မနာလိုခြင်းရဲ့နောက်ကွယ် စိုးရိမ်မှုလဲပါဝင်လာခဲ့သည်

သံသာ ငါလေ သူ့ကိုမြင်မြင်ချင်းချစ်မိသွားပီး

ထက်မြတ်ပြောတဲ့စကားကြောင့် သံသာဒေါသထွက်မိသည်

မဟုတ်တာထက်မြတ်ရာ သူကလူသစ်မို့လို့ ပီးတော့ ခဏတာနင်ရူးမိုက်တာလို့ထင်တယ် ဘာလို့ဆို ငါမြင်မြင်ချင်းအချစ်ကို အယုံကြည်မရှိလို့

တကယ် ငါရဲ့ဒီနေရာကနေ အသံတွေထိန်းမရအောင်ခုန်နေတာ ဒီရင်ဘက်ကြီးထဲကနေ အဆက်မပြတ်ခုထိခုန်နေတုန်းပဲ ငါသေချာတယ် သူ့ကိုချစ်မိသွားတာ

အေပါဟာ နောက်ဆုံးတော့ ငါ့ကောင်ကြီး ရည်းစားရတော့မယ်ပေါ့

ဂုဏ်ယူပါတယ် သားကြီးရာ....

ပြဿနာကမပီးသေးဘူး သူမလေးက ကျွန်တော်တို့အတန်းကိုပြောင်းလာတဲ့ ကျောင်းသူအသစ်တဲ့ဗျာ.....

သူထိုင်တဲ့နေရာက သံသားဘေးမှာ

ကျွန်တော် သံသာကိုကြည့်သလိုနဲ့ သူမကိုခိုးခိုးကြည့်မိတာကို သံသာကမြင်တော့ လက်သီးထောင်ပြတယ် တိုးတိုးလေးပြောတာက နင်ကနှာဘူးကောင်တဲ့ .....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now