ep-10

3.5K 89 0
                                    

သမီးကိုဖေဖေပြောစရာရှိသေးတယ်

သမီးစာမေးပွဲကြီးဖြေဖို့....ဘယ်လောက်မှမလိုတော့ဘူးမလား.......

အကယ်၍ သမီးကျောင်းမသွားဖို့စိတ်မပါဘူးဆိုရင် ဖေဖေကျောင်းကို ဆရာဝန်လတ်မှတ်နဲ့ဆေးခွင့်ယူပေးမယ်.....

သမီးသဘောအတိုင်းဖေဖေလုပ်ပေးမယ်...
ဟုတ်ကဲ့ဖေဖေ သမီးအိမ်ကနေပဲစာကျက်ပီး စာမေးပွဲဖြေမှသွားဖြေချင်တယ်ဖေဖေ

ကောင်းပီး သမီးသဘောအတိုင်းဖေဖေလုပ်ပေးမယ် ...

ဟိုဟာ...ဖေဖေ သမီးကိုယ်ဝန်ရှိနေတယ်ဆိုပီး ဆရာမကြီးကိုခွင့်တိုင်မှာလာဟင်.....

ဟား....ဖေဖေသမီးလေးကတော့ ဘယ်လိုတွေတွေးလိုက်တာလဲ?

အဲ့လိုပြောစရာလားသမီးရဲ့ သမီးအစာအိမ်အူအတတ်ပေါက်လို့ဆေးရုံတတ်နေရတယ်ဆိုပီး ခွင့်တိုင်မှာပေါ့သမီးရဲ့ ဖေဖေသမီးလေးကိုသူများတွေအထင်သေးအောင်ဖေဖေကလုပ်ပါ့မလားခလေးရဲ့.....

သမီးကအဲ့လိုသဘောမျိုးနဲ့မေးတာမဟုတ်ပါဘူးဖေဖေ.....

ဖေဖေသိပါတယ်ခလေးရယ် ဘာမှစိတ်မပူနဲ့ဖေဖေကာကွယ်ပေးမယ် တကယ်ဖေဖေကတိပေးတယ် သမီးလက်ပေး .....

မြကြေးမုံ ဖေဖေရဲ့ရင်ခွင်ထဲကိုခေါင်းလေးတိုးဝင်ပီးဖတ်ထားလိုက်သည် ဖေဖေရဲ့နွေးထွေးသောလက်ဖဝါးတစုံက ကြေးမုံရဲ့ကျောပြင်လေးကိုညှင်သာစွာပွတ်သပ်ပေးနေသည်......

ကြေးမုံ ဖေဖေ့ရင်ခွင်ထဲကနေပီးတော့ စကားတစ်ခွန်းဆိုမိသည် ဤသည်မှာ 'ကြေးမုံ ဖေဖေနဲ့မေမေကိုအရမ်းချစ်တယ်".....ဟူသောစကားလုံးလှလှလေးသာ

ထိုစဥ် ဖေဖေနဲ့မေမေကလဲသမီးလေးကိုအသက်ထက်ပိုချစ်ပါတယ်လို့ ပြိုင်တူပြောသောစကားလေးကို ကြေးမုံကြားလိုက်ရသည်.....

သမီးလေးစာမေးပွဲကြီးဖြေပီးရင်.... လက်ထပ်ပွဲလေးလုပ်ကြတာပေါ့

ဘယ်သူနဲ့လဲဖေဖေ?

မောင်ဇွဲမြတ်ထူးနဲ့ ဖေဖေသူ့နဲ့ပြောပီးပီး

ဘာကိုလဲဖေဖေ

သမီးမှာသူနဲ့ရတဲ့ရင်သွေးလေးရှိနေပီးလို့....

မေတ္တာဟူသည်     " အဘယ်နည်း"Where stories live. Discover now