လွန်ခဲ့သောတစ်နှစ်

14.5K 82 2
                                    

ထိုနေ့ညက

အိုင်းရစ်တစ်ယောက် မောင်အိမ်သို့ပြန်လာမည့်အချိန်ကိုဧည့်ခန်းထဲမှာဖုန်းသုံးရင်စောင့်နေမိ၏

နေ့လည်ကplazaမှာ မောင်နဲ့တခြားအမျိုးသမီးတစ်ယောက်တွဲပီးတွေ့လိုက်ရတဲ့ မြင်ကွင်းကအိုင်းရစ်အားဒေါသထွက်စေခဲ့သည်

"နင်ဘာလို့ ငါရှိရက်နဲ့ တခြားမိန်းကလေးတစ်ယောက်နဲ့ plazaမှာတွေ့ရတာလဲ နင်ဒါဘာအချိုးချိုးတာလဲပြောစမ်း"

"မ မောင်ရှင်းပြတာနားထောင်အုံးလေ အဲ့ဒါမောင့်အစ်မဝမ်းကွဲ plazaလိုက်ကူပေးအုံးဆိုလို့ မောင်လိုက်ကူသွားပေးတာ"

"အခုမှလာရှင်းပြမနေနဲ့ငါမကြားချင်ဘူး ထွက်သွား သွား ပြတ်မယ်နင်နဲ့ငါနဲ့"

"မ ​မောင့်ကိုဘာလို့ နင်နဲ့ငါနဲ့ပြောနေရတာလဲ"

"ပြောမှာပဲ ပြောတော့ဘာဖြစ်လဲ"

"မောင် မ့ကိုစိတ်ဘယ်လောက်တိုတို နင်နဲ့ငါနဲ့ ပြောဖူးလို့လား"

"ဘာမှလာမပြောနဲ့ ပြတ်မယ်နင်နဲ့ငါနဲ့"

"မ မောင့်ကိုကြိုက်သလိုပြောလို့ရတယ် ပြတ်မယ်ဆိုတဲ့စကားမပြောနဲ့ "

"ငါ့စိတ်ကြိုက် ငါ့ဘာသာပြောချင်တာပြောမယ်"

ထန်သူရတစ်ယောက် မ့ကိုဘယ်လိုချော့ရမယ်မှန်းမသိတော့ နေ့လည်ကအစ်မဝမ်းကွဲကိုplazaလိုက်ပို့ပေးဖြစ်တာ မ့ကိုမပြောပြမိ မ့ဒီလောက်ထိမ့စိတ်တိုလိမ့်မယ်လို့မတွေးမိခဲ့ ခုတော့ သူ့ကို နင်တွေငါတွေသုံးပြီး ပြောရလောက်အောင်ထိ မ့စိ​တ်ဆိုးနေပီ

"မ့ မောင်တောင်းပန်တယ်နော် မောင်မှားပါတယ်မ မ့စိတ်မဆိုးနဲ့တော့လို့မ"

သူဒီလိုပြန်တောင်းပန်တော့လည်းအိုင်းရစ်ကစိတ်မတိုရက်တော့ဘူး ချစ်တာကိုးအင်းလေ သူ့အစ်မဝမ်းကွဲပဲဟာ "နောက်ခါ မ့ကိုကြိုပြောပြလေ မောင်တစ်ခုခုလုပ်တော့မယ်ဆိုရင်"

"အင်းပါ မ ရဲ့ တစ်ခုခုဆို အရင်ဆုံးဒေါသကထွက်ပီ ပြီးရင်မောင်အရင်ဆုံးရှင်းပြတာကိုလက်မခံဘူး "

"ဘာလဲဒေါသပြန်လာဆွနေတာလား"

"မောင်အရှုံးပေးပါတယ်မ့ရယ် ကျေနပ်ပြီလား"

ထန်Where stories live. Discover now