အပိုင်း5🔞🔞

14.3K 63 0
                                    

ထန်သူရ တစ်ယောက်နိုးလာသည် မ့မနေ့ညက ပထမဦးဆုံးအကြိမ်မို့ အနည်းငယ်ပင်ပမ်းသွားသယောင်ပုံပေါနေသည် မ့အားနမ်းချင်သည် သို့ပေမယ့် မ့နိုးသွားမည်ကိုစိုးရိမ်၍ မနမ်းတော့ဘဲ တိတ်တဆိတ်ထလိုက်သည်

မ့အားရှိအောင် ကြက်စွပ်ပြုတ် ပြုတ်ပေးနေမိသည် သူသိပ်ချစ်ရတဲ့မ

ချက်ပြုတ်ပြီးနောက် အလုပ်မသွားခင် ရေချိုးခန်းထဲသို့ဝင်လိုက်သည်

ရေချိုးခန်းထဲမှ ရေသံကြားသည်နှင့် အိုင်းရစ်နိုးလာသည် မနေ့ညက sexလုပ်သည်ကိုတွေးမိသည်နှင့် ရင်တွေခုန်လာနေသည်

မောင်ကိုယ်တစ်ပိုင်းကို တဘတ်ပတ်ပြီးထွက်လာသည် အိုင်းရစ် ​မောင့်ကိုတွေ့သည်နှင့် စောင်ခေါင်းမြီးခြုံလိုက်သည် မောင်နှင့်ရင်မဆိုင်ရဲ ရှက်နေသည့်စိတ်ဖြင့် မိမိ၏နှလုံးခုန်သံကို ကျယ်လောင်စွာကြားနေရသည်

"မိန်းမ ထတော့လေ မောင့်ရဲ့မိန်းမလေး မောင်သိတယ်နော် မောင်လာမှ စောင်ခေါင်းမြီးခြုံပြီး အိပ်ချင်ယောင်ဆောင်နေတာ"

သိပ်ကို မျက်စိလျင်လိုက်တဲ့မောင် လူကိုများသူ့မိန်းမ ကျနေတာပဲ လက်တောင်မထပ်ရသေးတာကို ပိုင်ဆိုးပိုင်နင်းနဲ့ ရန်တွေ့ချင်စိတ်နှင့် စောင်ကိုဖယ်ပြီး "ဘာ မိန်းမလဲ မောင်နော် အခေါအဝေါဂရုစိုက် မ့တို့လက်ထပ်ရသေးတာမဟုတ်ဘူး ဘာမိန်းမလဲ မခေါနဲ့ လူကိုသူ့အပိုင်ကျလို့ ပိုင်ဆိုးပိုင်နင်းနဲ့"

"မနေ့ညက မောင်တို့ အတူလင်မယားအရာမြောက်ပြီလေ မောင့်မိန်းမဖြစ်ပြီလေ မောင်ခေါခွင့်မရှိဘူးလား မောင့်ရဲ့​မိန်းမလေးကို "

"လာပြန်ပြီ ဒီ မိန်းမ မောင်နော် မ့ကြိုက်ဘူး မခေါနဲ့ ခေါရဲခေါကြည့် ရန်ဖြစ်​ပြီပဲ "

"ဟုတ်ပါပြီ​ဗျာ မ့သဘောအတိုင်းပါ မောင်အရှုံးပေးပါတယ် ကျေနပ်ပြီလားမောင့်ရဲ့မ"

"အင်း ငါးဆယ်ရာခိုင်နှုန်းကျေနပ်ပြီ"

"ဟောဗျာ တစ်ရာရာခိုင်နှုန်းမကျေနပ်သေးဘူးလား တစ်ရာရာခိုင်နှုန်းကျေနပ်အောင် မောင်ဘာလုပ်ပေးရမလဲ ပြောလေမ"

ထန်Where stories live. Discover now