🔞first🙈🙉🙊 time🤗

20.5K 84 5
                                    

18+
(18+ဖြစ်သောကြောင့်🤐🤐အသက်မ​ြပည့်​ေသး​ေသာသူများအခန်းလေးအား ကျော်ဖတ်သွားနိုင်သည်)

"မမောင့်ကိုလေ ကလေးလေးတွေ မွေးပေးပါနော်" ထန်သူရတစ်ယောက်တောင်းဆိုမိသည်

"မမွေးချင်ပါဘူး ဘာကလေးလဲရှုပ်တယ်"

"မ မွေးပေးပါနော် မောင်တို့ရင်သွေးလေးကို ​မ့မချစ်ဘူးလား မောင်တို့ကလေးလေးတွေနဲ့သာသာယာယာနေရအောင်ပါလားမရယ်"

"ကလေးပူဆာတာဟုတ်ပါပြီ ဒီခေတ်မှာကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ရတာ လွယ်တယ်လို့မောင်ထင်နေတာလား မ့တော့အဲ့လိုကလေးကိစတွေမလုပ်ပေးနိုင်ဘူး ခေါင်းရှုပ်တယ်"

"မောင်အားလုံးတာဝန်ယူနိုင်တယ်မ "

"မောင်အဲ့လောက်ထိ မွေးခိုင်းနေချင်တာ ကလေးကိုလိုချင်လို့ မ့ကိုချစ်တာလား မ့ကိုချစ်လို့ကလေးလိုချင်တာလား"

"မ့ကိုချစ်လို့ မ့နဲ့မောင်တို့ရဲ့ ကိုယ်ပွားလေးလိုချင်တာလေ မ့ရဲ့"

"မ့တော့ ကလေးမလိုချင်ဘူး မောင်ကလေးလိုချင်ရင် မောင်တခြားမိန်းကလေးနဲ့ယူလိုက်ပေါ့မောင် မ့နောက်ဆုတ်ပေးခဲ့မယ် မောင့်အိမ်ထောင်ရှင်မပီသ​တဲ့အမျိုးသမီးတစ်ဦးနဲ့ မောင့်အိပ်မက်တွေ​အကောင်အထည်ဖော်လိုက်ပါ မ့စိတ်မဆိုးဘူး"

"မ မ့စကားတွေတအားလွန်တယ်နော်မ
မောင့်မှာ မ့ရှိတယ်လေ မောင့်ဘဝမှာ မ့တစ်ယောက်ထဲနဲ့ ပြည့်စုံနေပြီ​ေလမောင်ရဲ့အိမ်သူသက်ထားကိုလည်း မ့ပဲ ဖြစ်စေချင်တာ"

"ဒါပေမယ့် ငါမှအိမ်ထောင်မပြုချင်တာ အိမ်ထောင်ဆိုတာ မိန်းမသားတွေအတွက်အရှုံးပဲ
ကလေးဆိုတာကလည်း ငါ့ဘဝအတွက်တက်လမ်းပိတ်စေမယ့်အရာတွေပဲ "

"မ့နော် ငါ လို့မသုံးနဲ့ မောင်မကြိုက်ဘူးလို့ပြောပြီးသား မ့  ​မောင့်ကိုကော ချစ်ရဲ့လား​မ့ "

"ဘာလို့လာမေးနေတာလဲ မဖြေချင်တဲ့မေးခွန်းတွေကို"

​"မ့ရဲ့ချစ်သူတစ်ယောက်အနေနဲ့ကောမောင့်ကိုသတ်မှတ်သေးလား"

"အင်း"

"အဲ့ဒါဆိုဖြေပေး မ့ မောင့်ကိုချစ်လား"

ထန်Where stories live. Discover now