အပိုင်းနှစ်ဆယ့်တစ်

7K 43 0
                                    

"မ့ "

"မခေါနဲ့တော့ ဒီမှာ ပင်ပမ်းနေပြီ အိပ်ချင်နေပြီ "

"အင်းပါ ​မောင့်ကို......"

"ပြောစရာရှိရင်နောက်နေ့မှပြောတော့ အခု နားချင်နေပြီ "

"မ့သဘောပါ"ထန်သူရ မ့အား ဖွဖွလေးအနမ်းပေးကာ စောင်ခြုံပေးလိုက်သည်

မ့ကတစ်ခုခုကိုသတိရဟန်ဖြင့်
"ထန်သူရ ခန ဖယ်ပေး "

"ဘာလုပ်မလို့လဲမ့"

"ဒါနဲ့ ဆေးတေ​ွ ဘယ်နားထားလဲပြောပြ"

"ဘာလို့လဲမ့ တစ်ခုခုဖြစ်လို့လား မောင်ထယူပေးမယ် "
ထန်သူရ မ့အားပြန်ဖြေရင်း ဆေးများစုထည့်ထားသောboxအားယူပေးလိုက်သည်

"ရော့မ့ မောင်တစ်ယောက်လုံးရှိနေတာကို မောင့်ကိုခိုင်းပေါ့ မ့ "အိုင်းရစ် လိုချင်သောအရာများဖွင့်ယူလိုက်သည်

"ထန်သူရ အိပ်ယာပေါခနပလက်လှန် ခြေထောက်ကို ခုတင်ခြေရင်းဘက် နည်းနည်းတိုးထွက်ထား"

"မ့ ဘာလုပ်မလို့လဲ ခုနက ပင်ပမ်းနေပြီဟာကို နားတော့မ မောင့်ဘာသာလုပ်လိုက်မယ်"

မ့ က လက်အိပ်စွပ်နေရင်း
"ထန်သူရ ငါပြောတဲ့အတိုင်းမြန်မြန်လုပ် ငါ့ကိုချစ်ရင်"

"ချစ်တယ်လေ "

"ချစ်ရင် ငါပြောတဲ့အတိုင်း လှဲနေ"ထန်သူရ လျင်မြန်စွာလှဲလိုက်သည် မ့အား သူ့အပေါ အနည်းငယ်နူးညံ့ပေးလာသည်ကိုခံစားမိသောကြောင့် သူပျော်ရွှင်မိသည်

မ့က ဂရုတစိုက်နှင့် သူ့ခြေဖဝါးတွင် စူးထားသော ဖန်ကွဲစများအား အသေအချာထုတ်ယူပေးနေသည် ထို့နောက် ဆေးထည့်ပေးနေသည်
မ့ လုပ်ပေးနေသည်များကို မြတ်နိုးစွာစိုက်ကြည့်မိနေသည်

"ပြ​ီးပြီ ကြည့်နေတာ ရပ်တော့ ငါအိပ်တော့မယ် နင့်ခြေထောက် နင့်ဘာသာဆက်ပြီးဂရုစိုက်"

"မ့ မောင့်ကို ချစ်​ေနသေးတယ်မလား မောင်ဒီလောက်ဆိုးနေတာကို ​​ေတာင်မ့ကိုငိုအောင်လုပ်မိထားတာ"

"သိရင်ပြီးရော "

"မ့ မောင်ဂတိပေးတယ် မ့မောင့်ကြောင့် မျက်ရည်ထပ်မကျရစေဘူး"ထန်သူရ လေးနက်စွာဂတိပေးမိသည်

ထန်Where stories live. Discover now