အပိုင်းသုံး

9.9K 63 0
                                    

ထန်သူရ တစ်ယောက် မ့နဲ့အတူ ပျော်ရွှင်တဲ့မိသားစုလေးတည်ဆောက်ချင်နေပြီ

ကလေးသေးသေးလေးတွေ အများကြီးမွေးပေးဖို့ မ့ကိုပူဆာချင်နေပြီ

အိပ်ခန်းထဲ ပြန်ဝင်လာတော့ မ ခုတင်ပေါမှာ ​ကွေးကွေးလေးအိပ်ပျော်နေတာမြင်တော့ ထန်သူရတစ်ယောက် မ့ဘေးနားဝင်လှဲရင်း မ့ကိုသူ့ရင်ခွင်ထဲထည့်ထားလိုက်သည်

"မ" ထန်သူရတစ်ယောက်တိုးတိုးလေးခေါမိသည်

"မ မောင်လေ မနဲ့အတူတူ လက်ထပ်ချင်နေပီ ပြီးရင် မောင်ချစ်ရတဲ့မ့နဲ့ မောင်တို့ရင်သွေးလေးတွေနဲ့သာယာတဲ့အိမ်ထောင်ရေးဖန်တီးချင်နေပြီမ့ရဲ့" မ့ကိုတိုးတိုးလေးရင်ဖွင့်မိလေသည်

အိုင်းရစ်တစ်ယောက် မောင်အိပ်ခန်းထဲသို့ပြန်ဝင်လာကတည်းက နိုးနေနှင့်ပြီးသားဖြစ်သည် ရှက်ရှက်နဲ့ဝန်ခံရရင်
အစောပိုင်းတုန်းက နမ်းခံရတဲ့ အနမ်းမျိုး ထပ်ပြီး ပြန်လိုချင်မိ၏
အဲ့အနမ်းခံရမှုကိုပြန်စဥ်းစားမိတိုင်း နှလုံးသားကပိုခုန်လာတယ် မောင့်ကိုရင်မဆိုင်ရဲလို့ နိုးနေတာကိုမထဘဲ မျက်လုံးမှိတ်ထားပြီး နေနေမိ၏

လက်ထပ်ပြီးကလေးလိုချင်တာတဲ့လား အိုင်းရစ်ကတော့ လက်ထပ်တာတွေကော ကလေးကောမလိုချင်ဘူး ဘာလုပ်မလဲ အဲ့ဒါတွေက ဘဝရဲ့တိုးတက်မှုလမ်းတွေပိတ်စေတဲ့အရာတွေလို့ ခံယူထားတယ် အခုမောင်နဲ့တွဲတာတောင် အပျော်ထားရုံပဲ ဒါပေမယ့် အိုင်းရစ်တစ်ယောက်သူ့စိတ်ကိုသူမယုံရဲလာတော့ဘူး မောင့်အားတစ်နေ့တစ်ခြားပိုပိုတိုးပြီးချစ်လာနေမိပြီ တစ်စုံတစ်ယောက်ကိုချစ်မိသွားမှာအိုင်းရစ်ကြောက်သည် အချစ်ကလူတစ်ယောက်ရဲ့ဘဝကို ဖျက်စီးနိုင်တဲ့ထိစွမ်းအားကြီးမားကြောင်း အိုင်းရစ်အများကြီးမြင်ဖူးပြီ ဥပမာ အိုင်းရစ်ဦးလေး အချစ်ကြောင့်သူ့ဘဝသူအဆုံးစီရင်သွားသည် သူချစ်ရတဲ့သူကတော​့ ဦးလေးစည်းစိမ်တွေနဲ့သာယာနေပြီး လက်ထပ်တော့တခြားတစ်ယောက်ကိုရွေးချယ်သွားလေရဲ့

အိုင်းရစ်တစ်​ေယာက်အတွေးတွေးနေတာွရပ်ပြီး မောင့်ရဲ့ကိုယ်သင်းနံ့လေးရှုရှိုက်ရင်း အိပ်ပျော်သွားတော့သည်

ထန်Where stories live. Discover now