😢😬🤗

5.1K 37 1
                                    

အိုင်းရစ်အိပ်ယာမှထလိုက်သည် ဘေးနားတွင်ထားထားသော sticker noteလေးအားယူဖတ်နေမိသည်

"မ့😘
မောင်မ့အတွက် မနက်စာပြင်ထားပေးတယ်နော်
မ့ရဲ့ မောင် အလုပ်တွေကြိုးစားနေပါပြီနော်
မောင့်ရဲ့မ့အတွက်💏
ချစ်တယ်နော်မ့
အာဘွား
အများကြီးချစ်တယ်
                        မ့ရဲ့မောင်"
အိုင်းရစ်ဖတ်နေရင်းပြုံးမိသည် မောင်ပြင်ပေးထားသော မနက်စာအားသွားစားမည်အပြု
ဖုန်းဝင်လာသည်

"မေ့ရဲ့သမီးငယ်လေး"

"ဟုတ်ကဲ့မေမေ"

"မီးငယ်ဖွားဖွား တစ်ပတ်လောက်နေရင် မြန်မာနိုင်ငံခနပြန်လာမယ်တဲ့ မီးငယ်အိမ်ပြန်လာမှဖြစ်မယ်"

"မေမေ မီးအ​ြပင်မှာ နေချင်သေးတယ်မေမေ"

"မရဘူး မေမေ့မှာ မီးငယ်တစ်ယောက်ထဲရှိတော့တာ အခုအချိန်တစ်နှစ်ပြည့်တော့မယ် ဒီလောက်ဆို တော်သင့်ပီ ပြန်လာတော့"

"မေမေ ဖွားဖွားကြောင့်ပြန်လာခိုင်းနေတာလား ဖွားဖွားမေ့မေ့ကိုဘာနဲ့ထပ်ခြိမ်းခြောက်ပြန်ပြီလဲဒီတစ်ခါ"

"မီးငယ် လူကြိီးတွေကိစ မီးငယ်ဝင်မပါရဘူး  ပြန်လာဆိုပြန်လာလိုက်မီးငယ် ပြီးရင်..... " ဒေါမြနွယ် နှုတ်မှစကားပြောဆိုရန်ရပ်တန့်နေမိသည် သမီးကြီးကျူးလစ်၏ နှစ်ပတ်လည်ဆွမ်းကပ်ဖို့ဖြစ်သောကြောင့် ဖြစ်သည်

အိုင်းရစ်ရင်ထဲ ဆို့နင့်သွားသည် သူမအချစ်ရဆုံးသော အတွယ်တာရဆုံးသော သူမ၏မမသေဆုံးခြင်းနောက်တစ်ပတ်ဆိုတစ်နှစ်ပြည့်တော့မည် ဖြစ်သည်သူမ မေ့လို့မရနိုင်ခဲ့တဲ့ရက်စွဲတစ်ခု

"မီး နောက်တစ်ပတ်ဆို ပြန်လာခဲ့မယ်မေမေ"

"လိမ်မာလိုက်တာမေ့သမီးငယ်လေး"

"မေမေဖုန်းချလိုက်တော့မယ်"

"ဟုတ်ကဲ့မေမေ"

အိုင်းရစ် တစ်ယောက် မေမေနှင့်ဖုန်းပြောပြီးနောက် ဗီရို အံဆွဲကိုဖွင့်လိုက်သည်
ပန်းရောင်ဖျော့ဖျော့လေး ကတ်ထူဗူးတစ်ဗူးအား အသာအယာထုတ်ယူလိုက်သည်

အဖုံးအားဖွင့်လိုက်သည်
အနည်းငယ်ဟောင်းနွမ်းနေသည့် ညအိပ်ဝတ်ဂါဝန်လေးအား တွေ့ရသည်

ထန်Where stories live. Discover now