Ending

9.2K 83 1
                                    

မ့အား ချပေးလိုက်သည်

"မ့ မနက်စာ မစားရသေးဘူးမလား"

"အင်း မောင်ပဲသွားယူပေးတော့ ပြင်ထားပေးတဲ့ဟာ မယူနဲ့ နို့အေးဗူးပဲယူခဲ့ပေး"

"ခနမ့ကို ဂါဝန်ယူပေးမယ်"

"ရတယ် မ့ဘာသာယူဝတ်လိုက်မယ် ဘယ်နားထားလဲ"

"မောင့်ဗီရိုနားက ဗီရိုက မ့ဗီရိုပဲမ့ မောင် မ့အတွက်အဝတ်တွေစီစဥ်ထားပေးတယ်"

"အင်း မ့ကို နို့အေးဗူးပဲသွားယူပေးတော့"

"ရစေရမယ့်မ့"

မောင် သွားယူပေးနေတူန်း အကျီဝတ်ရန် ဗီရိုကို ဖွင့်လိုက်သည်

အိုင်းရစ်သူ့မျက်လုံးများပင်မယုံနိုင် ထိုအထဲတွင်ရှိသော အဝတ်အစားများအားလုံး ၌ မမကျူးလစ်ထိုးထားပေးသော Irisပန်းပုံနှင့်တူလှသော လက်ရာပိုသပ်ရပ်သော Iris ပန်းအမှတိအသားလေးများအားတွေ့လိုက်ရသည်

ထို့နောက် သူမ၏ bathrobeအားငုံ့ကြည့်မိသည်ထောင့်စွန်းလေးတွင် Irisပန်းအမှတ်အသားလေးနှင့် ထို့နောက် ဗီရိုထဲမှရှိသောအဝတ်များအား

အ့ံသြစွာ ငေးကြည့်နေရင်း မမကျူးလစ်လက်ရာထပ် ပိုပြီး ဆိုးသွမ်းနေသော Irisပန်းပုံဂါဝန်လေးတစ်ထည်အား တွေ့လိုက်ရသည်

"မ့ အခုထိ အကျီမဝတ်သေးဘူးလား"

"မောင် ဒါဘာတွေလဲ"

"မ့အရင် ဝတ်အံ​ုး အအေးမိနေလိမ့်မယ် မောင်ပြောပြပေးမယ် မ့သိချင်တာတွေမေး အခုတော့ အရင်ဝတ်"

အိုင်းရစ် ထိုလက်ရာဆိုးသွမ်းနေသော ရှေ့ခွဲကြယ်သီးအပြည့်ဂါဝန်လေးအား ဝတ်ဆင်လိုက်သည်

"မောင် ဘာလို့ ?ဒီလိုအမှတ်အသားတွေက? ဘယ်တုန်းက? "

"မ့အတွက်ပါ မောင် ဟိုမှာနေတုန်းက ပဲရစ်ကဒီဇိုင်နာတစ်ယောက်ဆီ မှာထားတာ Iris ပန်းအမှတ်အသားထိုးဖို့က မ့ကတ်ကြေးနဲ့ညှပ်ဖြတ်ယူတုန်းက မောင်တွေ့ဖူးတာကို ပံု​ြကမ်းဆွဲချပေးလိုက်တာ ကျန်တာသူတို့အကုန်လုပ်ပေးသွားတာ"

"မောင် မဟုတ်မ​ှလွဲရော ဒီလက်ရာဆိုးတဲ့တစ်ထည်က??"

"မ့ ဗိုက်ဆာနေလောက်ရောပေါ့ ဒီနို့ဗူးလေးအရင်သောက်လိုက် သောက်ပြီးရင်ပြောပြပေးမယ်"

You've reached the end of published parts.

⏰ Last updated: Feb 24, 2022 ⏰

Add this story to your Library to get notified about new parts!

ထန်Where stories live. Discover now