Part-1

15.1K 685 221
                                    

[Uni]

Part-1

ဆိုးလ်မြို့ရဲ့ သူဌေးရပ်ကွက်တစ်ခု။ခြံကျယ်ကျယ်ရဲ့အလည်တည့်တည့်မှာ တည်ရှိနေတဲ့ ခေတ်မီအဆင့်မြင့်တိုက်အိမ်ကြီးတစ်လုံးဆီက စကားများသံတစ်ချို့ထွက်ပေါ်နေသည်။

'အမေရယ်...အဲ့ကိစ္စကအရမ်းကိုစောလွန်းပါသေးတယ်...ပြီးတော့ ..အရမ်းလဲကလေးဆန်တယ်..'

'ဘာကိုကလေးဆန်တာလဲ...အရွယ်ရောက်လို့အိမ်ထောင်ပြုတာ ကလေးဆန်တယ်လို့မခေါ်ပါဘူး  သားရယ်....'

'မဟုပ်သေးပါဘူးဗျာ..သားထက်၁၀နှစ်လောက်ငယ်တဲ့ ချာတိတ်တစ်ယောက်ကို သားဘယ်လိုလက်ထပ်ရမလဲ..ပြီးတော့အဲ့ချာတိတ်ကအသက်လဲပြည့်သေးတာမဟုပ်ဘူး...ကျော်မကောင်းကြားမကောင်းတွေဖြစ်ကုန်ပါအုံးမယ်..'

'သားကိုလဲအမေတို့က အခုချက်ချင်းလက််ထပ်ဖို့ပြောနေတာမှမဟုပ်တာ...စေ့စပ်ထားဖို့ပဲတိုက်တွန်းနေတာလေ..လက်ထပ်တာကတော့ ငါ့သမက်လေးအသက်ပြည့်မှလက်ထပ်ကြပေါ့..'

'ကျစ်!!သမက်..အဲ့မှာကိုလွဲနေပါပြီအမေရယ်..Jeon လုပ်ငန်းစုရဲ့ CEOက သူ့ထက်အသက်၁၀လောက်ငယ်တဲ့ ကောင်လေးတစ်ယောက်နဲ့စေ့စပ်လိုက်တယ်ဆိုပြီး..သတင်းတွေထွက်ကုန်တော့မှာပေါ့...ဒါပေါ့သေးသေးကိစ္စမဟုပ်ဘူးအမေ...သားသိက္ခာတွေမြောင်းထဲရောက်ကုန်လိမ့်မယ်...'

Jeon Jungkook ဟာJeon Group ရဲ့ နောက်ဆုံးအမွေဆက်ဆံသူဖြစ်သည်။ မွေးချင်းညီအကိုသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး..Jeon Group ရဲ့ရှယ်ယာအားလုံးကို တာဝန်ယူအုပ်ချုပ်နေတဲ့ အရည်အချင်းရှိလူကြီးလူကောင်းတစ်ဦးလည်းဖြစ်သည်။ မွေးရာပါအားနည်းချက်က ကိုယ့်ကိုယ်ကို ယုံကြည်မှုလွန်ကဲခြင်း။

'သားရယ်..အထူးအဆန်းလုပ်ပြီးပြောမနေပါနဲ့...အမေတို့ ဂျွန်မျိုးရိုးက ကင်မ်မျိုးရိုးကလူတွေနဲ့လက်ဆက်ရတာ ထုံးစံပဲလေ..သားအကိုကြီး..Namjoon လဲ ကင်မ်မျိုးရိုးက Jin လေးနဲ့ပဲ လက်ဆက်ခဲ့တာ ၊သားအကိုလတ် ..သားYoongiကလဲ အခုကင်မ်မျိုးရိုးက Jimin လေးနဲ့စေ့စပ်ထားပြီးပြီ..သားလဲကင်မ်မျိုးရိုးက ယောင်းလေးနဲ့ပဲစေ့စပ်ရမယ်...အမေဒါပဲပြောချင်တယ်..အမေပြောလို့မနိုင်ဘူးဆိုရင်တော့..သားအဖေကိုစစ်ကူတောင်းရမှာပဲ..'

ONE MonthWhere stories live. Discover now