Part-14

4.1K 318 10
                                    

[Uni]

Part-14

တစ်၍၍ကုန်ဆုံးလာတဲ့အချိန်တွေကို ဂျောင်ဂုပျင်းရိစွာဖြတ်သန်းခဲ့သည်။ပုံမှန်လည်ပတ်နေတဲ့နေ့တစ်နေ့က ဂျောင်ဂုအတွက် အနည်းငယ်မျှအဓိပ္ပာယ်မရှိ။အလွမ်းတွေကို အားအသွင်ပြောင်းရင်းသာ ရှည်လျားတဲ့ညတွေကိုဖြတ်ကျော်ခဲ့သည်။ရှင်သန်လာခဲ့တဲ့တစ်လျှောက်လုံး ဒီနေ့ရက်တွေကဂျောင်ဂုအတွက်အခက်ခဲဆုံးလို့ယူဆရတဲ့နေ့ရက်တွေဖြစ်ပါလိမ့်မည်။

တစ်ဖန်ကျရောက်လာပြန်သောမနက်ခင်းတစ်ခုဠ်Suit အပြည့်အစုံကိုSamrt ကျကျပြင်ဆင်ပြီး လှေကားထစ်တွေပေါ် ခပ်ဖြောင့်ဖြောင့်အမျိုးသားတစ်ဦးဆင်းလာသည်။အလျင်လိုနေပုံပေါက်တဲ့ထိုလူက ကားသော့ကိုဆွဲယူလို့ ကပျာကယာထွက်သွားသည်။

'သား...ဂျောင်ဂု...မနက်စာစားသွားအုံးလေ..'

မိခင်ဖြစ်သူကိုတောင်ပြန်မဖြေနိုင်တဲ့ဂျောင်ဂုက ဘာကြောင့်အဲ့လောက်အလျင်လိုနေရတာပါလိမ့်။

လျင်မြန်တဲ့အရှိန်နဲ့ဂျောင်ဂုမောင်းနှင်လာသောကားက ကားရေဒီယိုကထုတ်လွှင့်နေသော တိုက်ရိုက်သီတင်းကြောင့် ပိုပြီးအရှန်လျင်မြန်ဆန်လာသည်။

📼Training ကာလမှာတင် ပရိတ်သတ်တွေကြား ထိထိရောက်ရောက်လွှမ်းမိုးထားနိုင်ပြီဖြစ်တဲ့ [VHOPE]အဖွဲ့ရဲ့ အဖွဲ့ဝင်ကင်မ်ထယ်ယောင်းဟာဆိုရင်..ဒီကနေ့မှာပဲ...ကိုးရီးယားရဲ့နာမည်ကြီးလူချမ်းသာမျိုးရိုးဖြစ်တဲ့ ဟွာမျိုးရိုးက ဟွာယွန်းဆယ် နဲ့စေ့စပ်လိုက်ပြီပဲဖြစ်ပါတယ်။စေ့စပ်ပွဲအခမ်းအနားကိုတော့ဒီကနေ့ည Jin Hit Entertainment ရဲ့အပေါ်ဆုံးထပ်မှာ Dinnerကျင်းပမည်ဟုသတင်းရထားပါတယ်ခင်ဗျ။ အဆိုတော်ကင်မ်ထယ်ယောင်းရဲ့Fanတွေကတော့ အရမ်းကိုပျော်ရွှင်နေကြပြီး ကန့်သတ်တာမျိုးမတွေ့ရဘူးဟုလည်းသိရ..တီ

'စောက်ဆင့်မရှိတဲ့သတင်း'

ပုံမှန်ထက် သုံးဆလောက်ပိုမြန်နေတဲ့ကားက Jin Hit Entertainment ရှေ့ထိုးရပ်သွားသည်။
အကောင်းဆုံးသားရေသားနဲ့ပြုလုပ်ထားတဲ့ဖိနပ်တစ်ရံကို အားမနာစွာ ခပ်ကြမ်းကြမ်းခြေလှမ်းတို့ဖြင့် ကုပ္ပဏီထဲသို့ဝင်လာခဲ့သည်။အောက်ဆုံးထပ်ရှိ ကုပ္ပဏီဝင်ထမ်းအတွက်ပြုလုပ်ပေးထားသော..cafeဆိုင်အသေးစားလေး၌..သူမဟုပ်တဲ့အခြားအမျိုးသားလက်ကိုကိုင်၍ရီမောနေသော...ထယ်ယောင်းကိုမြင်တော့..ထိန်းချုပ်ထားတဲ့ဒေါသတို့က ပြစ်စလက်ခတ်ကိုထွက်လာခဲ့သည်။

ONE MonthWhere stories live. Discover now