Part-15

4.4K 317 6
                                    

[Uni]

Part-15

'ရာသီဥတုသာယာတယ်နော်။..................ဟုပ်တယ်မလားကိုယ့်နှလုံးသားလေး..'

ပြင်းရှရှထိုလူသားအသံက ကျွန်တော့်နှလုံးသားထဲအက်ကြောင်းတွေထပ်သွားတဲ့အထိ လှိုက်ဖိုစေသည်။သူတကယ်ပဲ ဘာလုပ်ဖို့စဉ််းစားနေတာလဲ...

'အဟမ်း!!ကျွန်တော်ဒီနေ့တရားခံတစ်ယောက်ဖမ်းဖို့လာခဲ့တာ...ကျွန်တော်ကတရားခံဖမ်းတစ်ယောက်တော့မဟုပ်ပါဘူး...နစ်နာသူလို့ပြောရမလားပဲ..'

'လွန်ခဲ့တဲ့တစ်လလောက်က....ကျွန်တော့်နှလုံးသား တစ်စုံတစ်ယောက်ဆီမှာအခိုးခံလိုက်ရတယ်အခိုးခံလိုက်ရတယ်...'

'သူခိုးကသိပ်ကိုပါးနပ်တော့...ကျွန်တော်ကိုယ်တိုင်တောင်သတိမထားမိလိုက်ပဲ..ကျွန်တော့်နှလုံးသားကို ထိုတစ်စုံတစ်ယောက်ထံရက်ရက်ရောရောပေးလိုက်မိတယ်ဗျာ...'

'ခင်ဗျားတို့ပဲစဉ်းသားကြည့်ပါ!!နှလုံးသားမရှိတဲ့လူတစ်ယောက်က ဘယ်လောက်အချိန်ကြာတဲ့အထိ ရှင်သန်နိုင်မှာလဲ?'

'အသက်ရှင်ဖို့ရာခဲယဉ်းနေတော့ကျွန်တော်ဒီနေ့ ပျောက်ဆုံးသွားတဲ့နှလုံးသားတစ်စုံကို ပြန်လာရှာတာပါ....'

'ဒီသီချင်းက အဲ့ဒီတစ်စုံတစ်ယောက်အတွက်ပါ'

🎶🎵ကိုယ့်ကိုဖြတ်တိုက်သွားတဲ့ မင်းရဲ့ခပ်ဖျော့ဖျော့အသံလေး🎵🎶ကိုယ့်နာမည်ကို နောက်တစ်ခေါက်လောက်ထပ်ခေါ်ပေးပါဦး🎵🎶အေးခဲတဲ့နေရောင်အောက်မှာ ရပ်တန့်နေခဲ့ပေမယ့်🎶မင်းဆီကိုဦးတည်ပြီး တစ်လှမ်းချင်းလှမ်းလာခဲ့ပါ့မယ်🎵Still With You🎶🎵

သီချင်းသံအစ လှုပ်ခတ်သွားတဲ့နှလုံးသားတစ်စုံကို ထိန်းချုပ်ရင်း..အတိတ်ကအမှတ်တစ်ရတစ်ချို့ကိုပုံဖော်သည်။နှစ်ဦးသား အကြည့်ချင်းဆုံခိုက်..အရင်လိုအနမ်းတွေ၊အရင်လိုထွေးပွေ့မှုတွေကို တစ်ဖန်အမှတ်ရသည်။
တစ်စုံတစ်ယောက်ကိုရည်ရွယ်သော သီချင်းသံက ထိုတစ်စုံတစ်ယောက်ရင်ထဲဠ် ထာဝရအမှတ်ရနေမှာပင်။

🎶🎵အတူတူရယ်မောခဲ့ပြီး..အတူတူငိုကြွေးခဲ့ပြီး..ဒီရိုးရှင်းတဲ့ခံစားချက်တွေက ကိုယ့်အတွက်တော့အရာရာဖြစ်ခဲ့တယ် ထင်ပါတယ်🎶🎵

ONE MonthWhere stories live. Discover now