Part-12

4.1K 321 17
                                    

[Uni]

Ep-12

'တိတ်စမ်း!!!!!ဘာဆင်ခြေမှထပ်မကြားချင်ဘူး...အေ..မင်းတို့အလုပ်ကိုသေချာမလုပ်လို့အခုလိုလွဲချော်မှုတွေရှိနေတာပဲ...'

'............'

'............'

အာဏာရှိသူတစ်ယောက်ရဲ့ အပြစ်တင်ဆူပူသံကြောင့်...အနားရှိဝန်ထမ်းများမှာ ခေါင်းငုံလျက်..နာခံနေကြရသည်။ရှင်းပြခွင့်မရှိ..အပြစ်သာဖို့နေသော..ထိုလူကြောင့်...ဝန်ထမ်းမိန်းကလေးတစ်ချို့ဆီမှ တစ်ရှုံ့ရှုံရှိုက်ငိုသံတွေက ပျက်တောင်းပျက်တောင်းကြားနေရဆဲ။ ကြီးကြပ်ရေးမှူးတစ်ယောက်ရဲ့တာဝန်က..ဝန်ထမ်းတွေရဲ့ အမှားတွေကို လိုက်လှံစစ်ဆေး..ပြင်ဆင်ပေးရသည်ဆိုတာ..ထိုလူမသိပါလော။ယခုအနေအထားကတော့...တစ်ကိုယ်ကောင်းဆန်စွာ..တစ်ဖက်သားကိုသာအပြစ်တင်ပြောဆိုနေခြင်းဖြစ်သည်။အာဏာရှိသူဆိုတာထက်..ဩဇာညောင်းသူမို့..ထိုလူအား မည်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်ခြေငံနိုင်စွမ်းမရှိပေ။

'အားလုံးထွက်သွား...ကိုယ့်အလုပ်ကိုပြန်လုပ်ကြတော့...'

ဝန်ထမ်းများအစဉ်လိုက်အလျိုလျိုထွက်သွားကြတော့...အခန်းထဲကျန်နေခဲ့သူက..အကြောင်းအရင်းမရှိ..စိတ်ဒေါသကြီးနေသော Jeon Jungkookပင်။

အကြောင်းအရင်းမရှိဒေါသထွက်တယ်ဆိုတာ..မဖြစ်နိုင်ပါ။ဒေါသထွက်စရာအကြောင်းကိစ္စရှိကိုရှိပါသည်။ဒီနေ့ဟာပြသဒါး..တစ်နည်းအားဖြင့် ထယ်ယောင်း ဂျောင်ဂုက်ိုမဆက်သွယ်တာ..လေးရက်မြောက်နေ့။ဒီလောက်ဆို ဂျောင်ဂုစိတ်မလိုမကျဖြစ်စေဖို့အတွက် လုံလောက်သည်မလား။

'တောက်စ်!!'

စီးပွါးရေးသမားတစ်ယောက်အတွက်..စိတ်မလိုမကျမှုဆိုတာ..အမြဲတစ်စေရှိကောင်းရှိတတ်ပါသည်။သို့သော်..ယခုဂျောင်ဂုဒေါသထွက်နေသည့်ကိစ္စမှာတော့...ထိုအလုပ်ကိစ္စတွေနဲ့မသက်ဆိုင်ပါ။နှလုံးသားရေးရာအခြေအနေမကောင်း၍သာဖြစ်သည်။

ယခုထယ်ယောင်းနှင့်ဂျောင်ဂု၏ဆက်ဆံရေးက ရုပ်မမြင်အသံမကြားအနေအထားမှာရှိသည်။
ထယ်ယောင်းက အဆက်အသွယ်အားလုံးဖြတ်တောင်းထားတာကြောင့်ပင်။

ONE MonthWhere stories live. Discover now