Part-3

5.2K 468 100
                                    

[Uni]

Part-3

'ချစ်စရာလေးဟယ်'

'အတွဲတွေလားမသိဘူးနော်'

'ကြွေရုပ်လေးလိုပဲ....'

'တိုးတိုးပြော..ကြားသွားမယ်..'

'ဘယ်အမေကမွေးတာပါလဲနော်...'

ဘယ်သွားမလဲတိုင်ပင်ကြရင်း  စျေးတန်းတွေလျှောက်ကြည့်ချင်တယ်ဆိုလို့ခေါ်လာခဲ့လိုက်သည်။ဘယ်ဘက်ညာဖက်တွင် စုံလင်နေတဲ့ street food ဆိုင်တွေက ထယ်ယောင်းသဘောကျစရာတွေကြီးပင်။

ဂျောင်ဂုကတော့ မျက်နှာမလှပေ။စျေးတန်းထဲဝင်လာကတည်း သူသူငှါငှါ ယောကျ်ားမိန်းမ၊လူငယ်လူလတ်မရွေး ထယ်ယောင်းကိုခေါင်းစခြေဆုံးစိမ့်နေအောင်ကြည့်ကာ ချောကြောင်း၊လှကြောင်း ဖောင်ဖွဲ့ပြောနေသံတွေကို မနားတမ်းကြားနေရသည်။ ဂျင်းဝမ်းဆက်ကိုဆွယ်တာအမဲလေးနဲ့တွဲဝတ်ထားပြီး  ဆံနွယ်ကောက်ကောက်ပေါ် ခေါင်းစီးကြိုးအနီလေး စီးထားရုံဖြင့်သူ့ဘေးကအကောင်ပေါက်က ပြည့်ပြည့်စုံစုံလှနေသည်ဆိုတာ Kimအိမ်တော်မှာကတည်းက ဂျောင်ဂုသတိထားမိပါသည်။သို့သော် အခုလိုလူတိုင်းရဲ့Attention ကိုရနေတာကတော့ ထိုကောင်လေးရဲ့အလှကြောင့်မဟုပ်ဘဲ အတိတ်ဘဝကဆုတောင်းကောင်းခဲ့တာတွေကြောင့်သာဖြစ်နိုင်ပါသည်။

'လူကြီး..လူကြီး...ဒါလေး...'

ကျွန်တော့်လက်မောင်းကိုဆွဲကာ ထမင်းလိပ်ဆိုင်ထဲက ထမင်းလိပ်အသေးလေးတွေဆီလက်ညှိုးထိုးပြသည်။ဝယ်ပေးပါဆိုတဲ့သဘောပေါ့။

'ဘယ်နှစ်ခုယူမလဲကောင်လေး...'

'၈ခု'

'အဒေါ်ကြီး ၈ခုပေးပါနော်..'

'၁၀ခုပေးလိုက်မယ်...၈ခုဖိုးပဲရှင်းလိုက်နော်..အဒေါ်ကဒီကောင်လေးကိုချစ်လွန်းလို့ပေးတာ..'

'ကျေးဇူးပါဒေါ်ဒေါ်.. ဟီး'

ထယ်ယောင်းရဲ့စိတ်ရင်းနဲ့ကျေးဇူးတင်စကား။

ဂျောင်ဂုက ကဲကဲသဲသဲထိုအဒေါ်ကြီးကိုကြည့်ပြီး စိတ်မရှည်နိုင်ဖြစ်နေသည်။မနာလိုတာလဲပါမှာပေါ့။

ဂျောင်ဂုကရုပ်ချောပေမဲ့ ဆန်းတော့သိပ်မရှိ။ဂျောင်ဂုရဲ့ရုပ်ရည်နဲ့ဆို မြင်သူတိုင်းလည်ပြန်ငေးနိုင်တာမှန်ပေမယ့် ဒီကောင်လေးဘေးကိုရောက်လာမှ  ဂျောင်ဂုရုပ်ချောနေတာ ဘားမှမဟုပ်သလိုခံစားလိုက်ရသည်။

ONE MonthWhere stories live. Discover now