Part-7

4.6K 392 76
                                    

[Uni]

Part-7

'ကိုယ်အလုပ်လေးတွေရှိသေးလို့....ကလေးအရင်အိပ်နင့်နော်...အွန်း'

ထယ်ယောင်းဂျောင်ဂုလက်ကိုလှမ်းဆွဲလိုက်သည်။ခုတင်ပေါ်အပုံလိုက်လေးရောက်လာတဲ့ ဂျောင်ဂုခန္ဓာကိုယ်။ထယ်ယောင်းဂျောင်ဂုရင်ဘတ်ပေါ်ခေါင်းလေးတင်ကာ ခါးကိုလည်းသိုင်းဖက်ထားလိုက်သည်။

'ကလေး!!'

ထယ်ယောင်းက ခုတင်ခြေရင်းကစောင်ကိုဆွဲယူပြီး ကိုယ်တစ်ပိုင်းလောက်ထိဆွဲခြုံလိုက်သည်။ပိုပြီးသက်တောင့်သက်သာရှိသွားတဲ့အနေအထားတစ်ခုက အိပ်ရာဝင်ဖို့အတွက်အဆင့်သင့်အနေအထားပဲ။

'ကိုယ်အလုပ်လုပ်စရာရှိသေးတယ်လို့ပြောတယ်လေကွာ'

'လူကြီး...လူကြီးရဲ့ရင်ခုန်သံတွေကအရမ်းနားထောင်ကောင်းတာပဲ...ချွင်းချက်ဆိုလို့..ဒီရင်ခုန်သံတွေကကျွန်တော့်အတွက်မဟုပ်တာလေးပဲ'

ကလေးကြောင့်ရင်ခုန်နေတာပါ။ဒီနေ့အထိ..ကလေးကကိုယ့်ကိုရင်ခုန်အောင်လုပ်နိုင်တဲ့တစ်ဦးတည်းသောလူသားပဲ။

ထယ်ယောင်းကြားအောင် ပြောမထွက်လိုက်တဲ့ဂျောင်ဂု၏ခံစားချက်တစ်ချို့။

အလင်းရောင်မိန်မိန်သာရှိတဲ့ အခန်းထဲမှာ ပူးကပ်နေတဲ့ခန္ဓာကိုယ်နှစ်ခုကြောင့် အနွေးဓာတ်တစ်ချို့ကိုလဲထုတ်လွှတ်လျက်။

'အခုကိုယ်တို့နှစ်ယောက်ကဘယ်လိုအနေအထားလဲကလေး'

'ကျွန်တော်ကလူကြီးကိုလိုက်နေတဲ့အနေအထားလေ'

'ဟားဟား'

'ဘာရယ်တာလဲ..'

'သဘောကျလို့ပါ'

'တော်ပီ..အိပ်တော့မယ်'

'သေချာလား!'

'ဟင့်အင်း...ကျွန်တော်လူကြီးရင်ခွင်ထဲမှာရှိနေရလို့...အိပ်ပျော်ပါ့မလားတောင်မသိဘူး'

'...'

'လူကြီးရင်ခွင်က ကျွန်တော့်အတွက်မဟုပ်တာတောင်...နွေးထွေးနေရောပဲ...'

'ကလေးရယ်!!'

ကောင်လေးအပေါ်ကျွန်တော့်ရဲ့ခံစားချက်တွေကမရေမရာ။ကျွန်တော့်ရဲ့ မသေချာမှုတွေကပဲကောင်လေးကိုပင်ပန်းစေလိမ့်မယ်။ခံစားချက်တွေကိုအတည်ပြုဖို့ရာကလည်း အချိန်အတိုင်းအတာတစ်ခုလိုအပ်တာမို့  အဲ့အချိန်ထိကောင်လေးက တောင့်ခံထားနိုင်ပါ့မလား။

ONE MonthWhere stories live. Discover now