Part-10

5.1K 366 24
                                    

[Uni]

Part-10

'ကယ်..ရောက်ပြီဆိုတော့ခနနားလိုက်ကြပါအုန်း....ခုနနေမှ..Campတွေ​ဆောက်ကြတာပေါ့..'

Staffအများစုက..ခြေကုန်လက်ပမ်းကျနေပြီမို့အနားယူနေကြသည်။သွားရတဲ့ခရီးကဝေးပြီး..သစ်တောတွေက်ိုဖြတ်လာရတာဖြစ််လို့..လမ်းခရီးအနည်းငယ်ကြမ်း၏။ခရီးလမ်းမဖြောင့်ဖြူးလို့ပင်ပန်းရပေမဲ့..ရောက်ရောက်ခြင်းခံစားလိုက်ရတဲ့..သစ်တောရဲ့လေပြေလေညှင်းနဲ့..သဘာဝရှုခင်းတွေကြောင့် ပင့်သက်လိုက်မောရပြန်သည်။

ပတ်ပတ်လည်ထင်းရှူးတောတွေနဲ့ကာရံထားပြီး..ဆောင်းတွင်းနှင်းကျချိန်မို့..စိုထိုင်းနေတဲ့မြေဆီလွှာဆီမှ မြေသင်းနံ့ကလည်း..ထယ်ယောင်းသဘောကျရတဲ့အရာတွေထဲကတစ်ခု။

'အ!!'

သဘာဝလေကိုရှူရှိုက်ရင်း..သစ်တုံးပေါ်ထိုင်နေမိတုန်း..ပါးပြင်ပေါ်လာကပ်တဲ့ ခံစားမှုအေးအေး။

'သောက်အုံးမလား!!'

'အင်း!!'

Hopeလက်ထဲက Strawberry Milk Teaဘူးကိုလှမ်းယူပြီး တစ်ငုံသောက််လိုက်သည်။

'ဘာတွေမှိုင်နေရပြန်တာလဲထယ်ယောင်း..မင်းလူကြီးကြောင့်လား!!'

'မဟုပ်ပါဘူး..ဒီတိုင်းရှုခင်းကိုသဘောကျလို့..အပန်းဖြေနေတာပါ'

'ငါ့ကိုမလိမ်စမ်းပါနဲ့!မင်းလိမ်တာကိုယုံရအောင်..ငါကဘယ်သူမို့လဲ..'

'သိပ်ပြီးရီရတယ်နော်...ငါသူ့ကိုထပ်ပြီးချစ်မိသွားခဲ့တယ်..ငါ့ဦးနှောက်ကပြင်းပြင်းထန်ထန်သတိပေးနေပေမယ့်..အသိစိတ်မဲ့နေတဲ့နှလုံးသားက..သူ့ကိုပဲနောက်တစ်ကြိမ်ချစ်မိသွားတယ်'

'ဒါကအချစ်ပဲလေ...ထိန်းချုပ်လို့ရတာမျိုးဆိုရင်..အချစ်လို့ဘယ်ခေါ်ပါ့မလဲ..'

'လူကြီးကငါ့အတွက်ချောက်နက်ကြီးဆို..အဲ့ဒီချောက်နက်ကြီးထဲကိုပဲ..ငါက..မျက်လုံးတွေစုံမှိတ်ပြီးခုန်ချပြစ်ခဲ့တာ...အခုငါ့ကိုယ်ငါတောင်ပျောက်ဆုံးလာသလိုခံစားနေရတယ်...'

'အနည်းဆုံးတော့..မင်းပျော်နေခဲ့တယ်လေးထယ်ယောင်း!!'

ပါးစပ်ကိုကွေးညွတ်လျက်..Hopeပြောခဲ့သည်။

ONE MonthWhere stories live. Discover now