Part-6

5K 389 49
                                    

[Uni]

Part-6

'ဟာ...ထယ်ယောင်းရဲ့လူကြီးပါလား....ထယ်ယောင်းကိုလာတွေ့တာလားဗျ..'

Milk Tea ဝယ်၍ ပြန်လာသော Hopeက ဂျောင်ဂုကိုတွေ့လို့ အကျိုးအကြောင်းမေးလိုက်တာဖြစ်သည်။

'ကောင်လေးကအရမ်းဝမ်းနည်းနေပုံပဲ...သူ့ကိုဂရုစိုက်လိုက်ပါနော်...တောင်းဆိုပါတယ်'

'မဟုပ်သေးပါဘူး...ထယ်ယောင်းဝမ်းနည်းနေတယ်ဆိုရင်တောင်...သူအလိုအပ်ဆုံးသူက Hyung ပဲဖြစ်မှာပါ'

'သူအကို့ကိုအတွေ့မခံဘူး...မျက်ရည်တွေလဲကျနေတယ်...အကို့စိတ်ထင်..သူအကို့ကိုမုန်းသွားတာဖြစ်မယ်'

'ဟဟ...ဟားဟားဟား..ဟားဟား'

အားရပါးရရီနေသော Hopeကို ဂျောင်ဂုကြောင်တောင်တောင်မျက်လုံးတို့ဖြင့်ကြည့်နေသည်။သူပြောလိုက်ရီစရာမပါပေမယ့်..Hopeအတွက်တော့ အတော်လေးရီစရာဖြစ်နေဟန်။

'ဟဟား...ဟို...ကျွန်တော်မရီသင့်မှန်းသိပါတယ်...ဟဟ..ဒါမဲ့..ဒါကတော်တော်ရီရတယ်..'

'ရီရတဲ့အကြောင်းပြချက်ကို သိလို့ရမလား..'

'ထယ်ယောင်းကHyung ကိုမုန်းတယ်ဆိုတာ..မဖြစ်နိုင်တဲ့ကိစ္စပဲလေ...ဒါကြောင့်ကျွန်တော်ရီတာ...Hyung ကိုထယ်ယောင်းဘယ်လောက်တောင်ချစ်လိုက်သလဲ...ကျွန်တော်ကHyung ထက်ပိုသိပါတယ်...'

'မဟုပ်ဘူး...အခုလေးတင်သူအကို့ကိုမုန်းသွားပြီ...အကို့ကိုပြစ်ပြစ်ခါခါပြောပြီးအခန်းပြင်မောင်းထုတ်ခဲ့တာ..'

'ကျွန်တော့်စိတ်ထင် Hyung က ထယ်ယောင်းမကြိုက်တာလုပ်မိပြီထင်တယ်...ကိစ္စမရှိပါဘူး...မကြာခင်အဆင်ပြေသွားလိမ့်မယ်...ထယ်ယောင်းကHyung ကိုအချိန်ကြာကြီးစိတ်ဆိုးနိုင်မှာမဟုပ်ဘူး'

⚡️

'ဟာ..မီးပြတ်တာလား!!'

'ဖြူးပြတ်သွားတာဖြစ်မယ်...အကိုလျှပ်စစ်ခန်းကိုတစ်ချက်သွားကြည့်လိုက်အုန်းမယ်..'

အဆောက်အဦး၏ လျှပ်စစ်ထိန်းချုပ်ရေးစင်တာမှ ဖြူးပြတ်သွားခြင်းဖြစ်သည်။

'နေဦးHyung ...အခန်းထဲမှာ ထယ်ယောင်းတစ်ယောက်ထဲကျန်ခဲ့တာမလား...'

ONE MonthWhere stories live. Discover now