Part-4

5.2K 457 114
                                    

[Uni]

Part-4

၂နှစ်ခန့်ကြာသော်~

လူရှုပ်တဲ့ကလပ်တစ်ခု။ပြိုးပြိုးပျက်ပျက်မီးရောင်တွေကြား စိတ်လွတ်ကိုယ်လွတ်ကခုန်နေကြသူတွေလဲ အမြောက်အမြားပေ။ရောင်စုံAlcohol ပုလင်းတွေတန်းစီနေတဲ့ အရက်ထိုင်သောက်ရာ နေရာမှာတော့

ခွပ်!!

လက်သီးထိုးချက်ကြောင့် မြေပြင်ပေါ်ဖင်ထိုင်လျက်ကျသွားသည်။ထို ကလပ်ဠ် ရာချီနေတဲ့လူတွေရှိပေမယ့် အထိုးခံရသူအား မည်သူတစ်ဦးတစ်ယောက်ကမှ သတိမူခြင်းမရှိပေ။

'နောက်တစ်ချက်ထပ်မထိုးခင် ထလိုက်တော့ဟေ့ကောင်'

'Suga Hyung ရဲ့လက်သီးတောင် တော်တော်ဇပြင်းလာတာပဲ'

မြေပြင်ပေါ်လှဲကျနေသူက ဂျောင်ဂု။ ထိုးလိုက်သောသူက ယွန်းဂီပင်။ ယွန်းဂီဂျောင်ဂုအား လက်တစ်ဖက်ကမ်းကာ ဆွဲထူပြီး ဝမ်းဗိုက်သို့ ခပ်ပြင်းပြင်းလေးတစ်ချက်ပြန်ထိုးသည်။

အ!!!

'မင်းသိလားဂျောင်ဂု..လွန်ခဲ့တဲ့၂နှစ်လုံးလုံး ငါလေ့ကျင့်ခန်းကောင်းကောင်းလုပ်ခဲ့တယ်..မင်းပြန်ရောက်လာတဲ့အချိန်ကြရင် အခုလိုစိတ်ရှိလက်ရှိထိုးနိုင်အောင်လေ..'

'Mission Complete ဖြစ်တယ် Hyung! ကျွန်တော် တော်တော်အီသွားပြီ..'

နာကျင်နေသောဝမ်းဗိုက်ကိုကိုင်၍ ခပ်မဲ့မဲ့မျက်နှာထားပြုလုပ်နေသည်။ ထိုသူက လွန်ခဲ့သော၂နှစ်ခန့်က စေ့စပ်ပွဲကနေထွက်ပြေးခဲ့တဲ့ ဂျွန်ဂျောင်ဂုပင်ဖြစ်သည်။

'ဘာသောက်မလဲ...မှာလိုက်လေ'

'ရပြီHyung! ကျွန်တော်မသောက်ချင်ဘူး'

'ဆိုပါအုံး...လုပ်ချင်တာလုပ်ထားခဲ့ပြီး...ပျော်မှပျော်နေရဲ့လား'

ယွန်းဂီရဲ့ရိသဲ့သဲ့မေးခွန်းတစ်ခုကို ဂျောင်ဂုခပ်ပြုံးပြုံးဖြင့်သာပြန်ဖြေသည်။

'အစပိုင်းတစ်ပတ်နှစ်ပတ်တော့ အဆင်ပြေတယ်ပေါ့Hyung ရယ်၊ လေ့ကျင့်ခန်းတွေအများကြီးလုပ်ရတော့ ကျွန်တော့်အကြိုက်ပဲလေ၊စားကောင်း၊အိပ်ကောင်း တော်တော်လေးအဆင်ပြေတယ်ပြောရမယ်'

ONE MonthWhere stories live. Discover now