[4] Sweet Night

23.7K 925 13
                                    

My Vampire Bambi ♥

^ Baby!! ကိုယ့်ဆီ ခဏလာဦး ^

Luhan, bathroom အပြင်ကို ထွက်မလို့ လုပ်တုန်း Sehun ခေါ်လိုက်တော့ bathtub နားမှာ ဒူးထောက် ထိုင်လိုက်ရင်း

^ အင်း Sehun ဘာပြောမလို့လဲ ^

Luhan မေးတော့ Sehun မပြောမဆိုနဲ့ Luhan ကို ခေါင်းက ကိုင်ကာ နှုတ်ခမ်းကို အတင်းစုပ်နမ်းတော့သည်။ နမ်းတာမှ Luhan တောင် အသက်ရှုကျပ်ပြီး ​သွေး​တွေတောင် ထွက်လာတဲ့ အထိကို နမ်းနေတာ။ သူ တော်တော် ကြောင်သွားသည်။ Sehun သူ့ကို တခါမှ အကြမ်းပတမ်း မနမ်းဖူး။ နှုတ်ခမ်းကို အတင်းကိုက်ကာ ပါးစပ်ထဲ ဝင်သည်။ Luhan အာခံတွင်းကို နေရာလပ် မကျန်အောင် စုပ်ကိုက်​နေပီး သူ စိတ်ကျေနပ်သွားတော့မှ လွှတ်ပေးတော့သည်။

^ Baby ကို အဲ့ဒါ အပြစ်ပေးတာ ဘယ်လိုလဲ ကြိုက်လား ^

^ ဟင့်အင်း မကြိုက်ဘူး နှုတ်ခမ်းပေါက်သွားပီ နာတယ် ^

Luhan ငိုမဲ့မဲ့လေး ပြောတော့ သွေးစလေးတွေကို လျှာလေးနှင့် လျက်ကာ သုတ်ပေးသည်။

^ နောက်တခါ ကိုယ့်ကို *မင်းတွေ ငါတွေ* နဲ့ ပြောရင် ဒီထက် ပိုနာမယ်။ okay? ^

^ O...Okay......Baby သွားတော့မယ် ^

^ အင်း ကိုယ်လဲ ရေမြန်မြန်ချိုးလိုက်မယ် ^

Luhan Sehun ကို မကြောက်ပေမဲ့ Sehun စိတ်ဆိုးရင် သူ မနေတတ်။ ဘာကြောင့်လဲတော့ သူကိုယ်တိုင် မသိပါ။

Sehun ရေချိုးပီးတော့ အဝတ်တစုံ လဲဝတ်ကာ kitchen ကို ထွက်လာတော့ Luhan , freezer ရှေ့မှာ ဘာလုပ်နေလဲ မသိ။

Baby ပုံစံလေးကို ကြည့်ပီး Sehun အသံ မထွက်အောင် ခိုးရယ်လိုက်သည်
ဝတ်ထားတဲ့ ပုံစံလေးက တကယ့်ကို ချစ်စရာလေး။ Sehun shirt အဖြူရောင်ကြီးကို သူနဲ့ မတော်ဘဲ ဝတ်ထားတော့ ပေါင်တဝက်လောက်ထိ ရောက်နေပီး ကလေးလေးက လူကြီးအင်္ကျီဝတ်ထားသကဲ့သို့ ဖြစ်နေသည်။ ကြယ်သီးတွေကို တောင်တလုံး မြောက်တလုံး တပ်ကာ underwear ပန်းရောင်လေးပေါ်မှာ Apron ကြီးဝတ်ထားသေးသည်။ ဒီကလေးကို ဘယ်သူက Vampire လို့ ယုံမှာပါလိမ့်နော်။

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now