[7] So Sorry

17.3K 854 13
                                    

♥My Vampire Bambi♥

♪♪Beautiful Beautiful 너의 목소리 Melody♪♪(Luhan ph msg)

Luhan phကို လှမ်းယူပီး ကြည့်လိုက်တော့

#Sehun is so cute! He is going to be mine!#

ဒီလိုစာမျိုး ပို့တာ Tao လား???
သူ့တစ်ကိုယ်လုံးကို နောက်က သိမ်းကျုံးဖက်ထားသော Sehun မနိုးအောင် လက်တွေကို ဖွဖွလေးဖယ်ပီး
ဝရန်တာဘက်ကို ထွက်ကြည့်လိုက်တော့ အတန်ငယ်လှမ်းသော သစ်ပင်ပေါ်မှာ Tao!

Luhan phone ခေါ်လိုက်သည်။

^ Hello! Luhan, my no.1 enemy!! ^

^ Tao မင်း ဘာဖြစ်နေတာလဲ Sehun က ငါ့ကိုရွေးချယ်ခဲ့တယ်လေ Game is already over!! ^

^ မပြီးသေးဘူး Luhan သူက ငါ ပိုင်ဆိုင်ရမှာ ငါ Sehun ကို ပြန်လုယူမှာ ^

^ မင်းနဲ့ငါကြားက ပြဿနာမှာ လူသားတယောက်ကို ဆွဲမထည့်ပါနဲ့ ^

^ မင်း ဘယ်တုန်းက ကြင်နာတတ်သွားတာလဲ?? မင်းက ခေတ်အဆက်ဆက်မှာ ငါ့ထက်ပိုရက်စက်တဲ့ Vampire ဖြစ်ခဲ့တာလေ!! California မှာ မင်းအကြောင်း ဒဏ္ဍာရီတွေတောင်ရှိနေတာ!!! ပြီးတော့ မင်း Sehun ကို ချစ်လို့လား ^

^ ငါ......ငါ.........မသိဘူး ^

♀♂♀♂♀♂♀♂♀♂♀♂♀♂♀♂♀♂♀

^ Baby အရင်နိုးနေပါလား အဲ့မှာ ဘာလုပ်နေတာလဲ ^

Sehun နိုးလာသဖြင့် Luhan ph ကိုပိတ်လိုက်သည်။ သူ့ကို နောက်က သိုင်းဖက်လိုက်သော Sehun ကြောင့် Tao ကို Luhan ကြည့်လိုက်မိသည်။ သူတို့နှစ်ယောက်ကို ကြည့်နေသော Tao မျက်လုံးများက ခက်ထန်လျက်။ သူ့လည်တိုင်ဖြူဖြူလေးကို Sehun နမ်းလိုက်တော့ Tao ကြည့်နေရာမှ Werewolf ပုံစံပြောင်းလိုက်ပီး ပြေးထွက်သွားသည်။ Luhan , Tao ကို အားနာမိသော်လည်း အတူရှိနေသော Sehun က ပိုအရေးကြီးသည်လေ............ပီးတော့ သူ တရားမျှတစွာ အနိုင်ယူခဲ့တာပါ။

^ Baby ဒဏ်ရာ အားလုံးကောင်းသွားပီလား ^

^ အင်း Sehun ဆန္ဒရှိရင် ဟိုတခါကလို တောထဲကိုတောင် သွားလို့ရသေးတယ် ^

^ ဟင့်အင်း ကိုယ် အဲ့လောက် မစောင့်နိုင်တော့ဘူး အိမ်မှာပဲနော်......Baby နော် ^

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now