[32] Beauty & The Baby

9.5K 706 75
                                    

My Vampire Bambi

Episode ~ 32

❤ ❤ ❤

ဝိုးတဝါး အလင်းရောင်လေးက
ကျွန်တော့်ကို နိုးထစေရန်
ပန်းရနံ့ သင်းတဲ့ လေညှင်းတို့ကိုပါ
အဖော် ခေါ်ဆောင် လာရဲ့

နိုးနေပေမယ့် Sehun ကို ဒီအတိုင်းလေး
ငြိမ်သက်နေစေသော အကြောင်းပြချက်က
ဖွေးနုနေတဲ့ သွယ်လျလျ လက်ချောင်းလေးတွေပါ

ကျွန်တော့် မျက်နှာ တဝိုက်ပေါ်
နုရွစွာ ဖွဖွလေး ကိုင်တွယ် ပွတ်သပ်နေတဲ့
အထိအတွေ့ကို ရပ်တန့်မသွားစေချင်ဘူး

~~ ချစ်တယ် Baby ရယ်
မင်းကိုလေ ကိုယ် ချစ်လွန်းလို့
ဘယ်လိုနေရမလဲတောင် မသိတော့ဘူး

ဒီသတ္တ၀ါလေးကို ချစ်လွန်လွန်းလို့
ကိုယ် သေသွားနိုင်တယ် သိရဲ့လား!?

သူ တတ်နိုင်သလောက်
တည်ငြိမ်အောင် ကြိုးစားထိန်းနေပေမယ့်
မျက်နှာကြီးက ပြုံးယောင်သန်းနေပေလိမ့်မည်
Baby နဲ့ ပတ်သက်လာရင်
ဘာကိုမှ ဟန်ဆောင် ကွယ်ဝှက်မထားနိုင်တာ
SeHun ရဲ့ တခုတည်းသော အားနည်းချက်!

သူ ပင်ပန်းလွန်းတာကြောင့်
ကလေးလေး ပေါင်ပေါ်မှာ
တညလုံး အိပ်စက် ခဲ့မိတယ်
အဆိုးအဆာလေး ညောင်းနေရော့မယ်
Huuuu ~ ~ ~ ~ ~
မထချင်ပေမယ့် ထရတော့မှာပေါ့

နူးညံ့လွန်းတဲ့ လက်ဖဝါးလေးကို
ကျွန်တော့်လက်ထဲ ဖမ်းဆုပ်ကာ နမ်းရှိုက်လိုက်တယ်
ပူတူးလေး မရုန်းထွက်ဘူးပေါ့
ကျေးဇူးတင်လိုက်တာနော် ^•^

SeHun အံ့သြစွာနဲ့ မျက်လုံး ဖွင့်လိုက်တော့
သူ့ ကို ငုံ့မိုးကြည့်နေတဲ့
အချောလေးက ပြုံးပြနေလေတယ်

~~~ OMG!! Am I dreaming now? ~~~

စိုးရိမ်စိတ်နဲ့ SeHun အမြန် ထထိုင်မိတယ်
လေတိုက်လို့ ပွယောင်းယောင်းလေး ဖြစ်နေတဲ့
Luhan ဆံနွယ်တွေကို ပွတ်သပ်ပေးရင်း . . . . .

^ Baby ? နေကောင်းရဲ့လား? ^

// အင်း ~ SeHun //

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now