[29] Flowery & Snowy

9.2K 671 31
                                    

My Vampire Bambi

Episode ~> 29

LuHan's pov

=========================

Baekhyun >>> LuHan !
ငါ Chanyeol ဆီ ခဏသွားလိုက်ဦးမယ်
ဘာမှလျှောက်မလုပ်နဲ့နော်
စိတ်ချမယ်

" ______ "

// Baekhyun's pov //

စိတ်ပူစွာ မှာတမ်း ခြွေနေပေမယ့်
ထုံးစံအတိုင်း ပြန်ဖြေသံ မကြားရပါဘူး
LuHan စကားမပြောတော့တာ
SeHun ထွက်သွားပြီး နောက်တနေ့ကတည်းကပါပဲ

သွေးကိုလဲ အသက်ရှင်နိုင်ရုံမျှသာ သောက်သည်
တချိန်လုံး ပန်းချီဆွဲရင်ဆွဲ
မဆွဲရင် ပန်းပင်တွေ ရေလောင်းတယ်
ဆွဲတဲ့ ပုံတွေကလဲ Wolf ပုံတွေနဲ့
SeHun တို့ Law Firm ရှေ့က
ချယ်ရီပင်လမ်းလေးကိုသာ ~

ညဘက်တွေလဲ မအိပ်ဘဲ
ဝရန်တာမှာ တယောက်ထဲ တိတ်ဆိတ်စွာ နေတဲ့
အချိန်တွေသာ များလာတယ်
တခါတရံတော့ သူတို့နှစ်ယောက် ခေါ်မွေးထားတဲ့
ကြောင်လေး Hansel နဲ့သာ စကားတိုးတိုးပြောနေတာ
သူ တွေ့ရတယ်

ဒီလိုဖြစ်နေတာ ၃ပတ်လောက် ရှိနေပြီပေါ့
SeHun တယောက်ကတော့
LuHan အိမ်နားမှာ တဝဲလည်လည်
နေ နေတယ် ထင်တယ်
တချက်တချက် ပျံ့လွင့်လာတဲ့ လေညှင်းတို့မှာ
ဝံပုလွေအနံ့တွေ ပါလာတယ်
ညဘက်တွေမှာလဲ ချောင်းကြည့်ရင်း လျှောက်သွားနေတာကို
Baekhyun မြင်မိတယ်

Vampire တွေရဲ့ ရန်ဘက် Werewolf တွေထဲမှာတော့
SeHun ပုံစံက အတော်လှတယ်
ရှားပါးတဲ့ White Wolf အမျိုးအစားပဲ
နှင်းပွင့်လို ဖွေးဆွတ်သော
အမွှေးရှည်များကို ပိုင်ဆိုင်ထားပြီး
အကောင်ကလဲ သာမန် Wolf ထက်
နှစ်ဆလောက် ကြီးမားသည်
နားရွက်ဖျားတွေနဲ့ နှာခေါင်းက ပန်းသွေးရောင် တောက်နေတယ်
အမြီးဖွားဖွားကြီးကလဲ ပွေ့ဖက်ထားချင်စဖွယ်
သတ္တဝါတွေကို ချစ်တတ်သော LuHan အတွက်တော့
အချစ်ပိုစရာပင် ~
အကယ်၍များ သမန်းဝံပုလွေ မဖြစ်ခဲ့ရင်ပေါ့

သနားဖို့ကောင်းတဲ့ သူငယ်ချင်းအတွက်
Baekhyun ကူညီချင်တယ်
Vampire ဘုရင်ကြီးဆီမှာ
နည်းတစ်နည်းလောက်တော့ ရှိမှာပါ
ဒါကြောင့် Castle ကို သွားဖို့လဲ
သူ စဉ်းစားထားသည်

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now