[27] Terminator

9.7K 692 56
                                    

My Vampire Bambi

Episode → 27

နေရောင်နွေးနွေးလေးက သူ့မျက်နှာပေါ် ကျီစယ်တိုးဝှေ့နေပေမယ့် ထုံးစံအတိုင်း အိပ်ရာမထချင်သေးပါဘူး။

// ဟင့်​~ ထပ်​အိပ်​ချင်​​သေးတယ်​ //・へ・

နှုတ်​ခမ်းဖျားကို ထိ​တွေ့လာတဲ့ နူးညံ့မှုတခု
ပန်းပွင့်​​လွှာ​လေးလို အိစက်​​နေတာပဲ

အ​ပေါ်နှုတ်​ခမ်းသား​လေးကိုတလှည့်​ အောက်​နှုတ်​ခမ်းသား​လေးကိုတလှည့်​ ဖွဖွ​လေး ဖိနမ်း​နေတယ်​။

ဟော ~ နှုတ်​ခမ်းတခုလုံးကို တခဏ​လေး ငုံလိုက်​ပြီး ပြန်​ခွာသွား​တယ်​။

// ဟင့်​အင်း လိုချင်​​သေးတယ်​ ထပ်​​ပေးဦး //

ယုယမှုတို့ကို ထပ်​လိုချင်​​သေးတာ​ကြောင့်​ နှုတ်​ခမ်းကို စူကာ ​ထော်​​ထော်​​လေး လုပ်​ထားလိုက်​တယ်​။

ရယ်​သံ​လွင်​လွင်​​လေးတခု ကြားရပြီး​နောက်​ နှုတ်​ခမ်းတို့ထဲ တိုးဝင်​လာ​သော လျှာ​ဖျား​လေးတခု
အာခံတွင်းထဲတွင်​ နူးညံ့စွာ ရစ်​ပတ်​ ​ဆော့ကစား​နေပြန်​သည်​။
လျှာ​လေးကို လိမ်​ပတ်​ရင်း စုပ်​လိုက်​ လျက်​လိုက်​လုပ်​​နေ​တော့ သူ ပြန်​မနမ်းဘဲ အစားသုံးခံ Candy ​လေးလို ​နေ​ပေးလိုက်​၏။ နှုတ်​ခမ်း​လေးကို နူးနူးညံ့ညံ့​လေး စုပ်ကာနမ်း​နေတဲ့ အထိအ​တွေ့တို့က ဘယ်​​တော့မှ ရိုးမသွားနိုင်​ပါဘူး။

// အဟိ ​​နေလို့​ကောင်းလိုက်​တာ ချိုပြီးအိ​နေတာပဲ //

ဟောဗျာ ~ ပြန်​ခွာသွားပြန်​ပြီ။

ခဏပါပဲ။ ​ရှေ့ ပြန်​တိုးလာပြီး ဒီတ​ခေါက်​ကျ အဆက်​မပြတ်​ လျက်​​နေတယ်​။ နှုတ်​ခမ်းတင်​မကဘူး ​ မေးဖျား နှာ​ခေါင်းဖျား​လေး အထိပဲ။ လျှာ​လေးက နဲနဲကြမ်း​နေသလိုပဲ။ ပြီး​တော့ ဒါ လူနံ့မှ မဟုတ်​တာ ... တာ ... •_•

Hansel !!!

^ ဖူးးးး ဖလူးးးး ဖလူးး ^

Luhan အမြန်​ထကာ အင်္ကျီလက်​ရှည်ကို အတင်းဆွဲချပြီး နှုတ်​ခမ်းကို ဖိသုတ်​ပစ်​လိုက်​ရတယ်​။ ​ဘေးကို ကြည့်​လိုက်​​တော့ ကြမ်းပြင်​​ပေါ်မှာ ထိုင်​ကာ Hansel ကို ချီရင်း ဟားတိုက်​ရယ်​​နေတဲ့ Sehun ~

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now