[19] The Blues

9.8K 714 19
                                    

My Vampire Bambi

Sehun တ​ယောက်​ Tao တို့ werewolf clan ကို​ရောက်​​နေတာ တစ်​လ​လောက်​ရှိ​နေပြီ။ ဒါ​ပေမယ့်​ Tao လက်​ဖျားနဲ့​တောင်​ မထိရ​သေး။ တကယ်​​တော့ Tao လဲ ​ဝေခွဲမရဖြစ်​​နေတာပါ။ Sehun သူ့လက်​ထဲ​ရောက်​​နေ​ပေမယ့်​ ပိုင်​ဆိုင်​လိုစိတ်​မဖြစ်​တော့သလို ​ပျော်​လဲမ​ပျော်​ရွှင်​ဘူး။ အရင်​က​တော့ Sehun ကိုပဲ လိုချင်​​နေတယ်​ ထင်​ခဲ့တာ။

Luhan တို့​ပြောတာမှန်​​နေပြီ ထင်​တယ်​။ Sehun ကို ချစ်​​နေတာမဟုတ်​ဘဲ Luhan ကို နိုင်​ချင်​​နေတာ။ Vampire ​တွေကို ကာကွယ်​​ပေးမှုနဲ့ Kris ကိုလဲ ဖမ်းထားမိတယ်​။ အမြဲသူ့ဘက်​က ရပ်​တည်​​ပေးတဲ့ သူလိုချင်​သမျှကို ဖြည့်​ဆည်း​ပေးတဲ့ Kris မရှိ​တော့ ဟာတာတာနဲ့ တမျိုးကြီးပဲ။

Kris ကို ​မေးစရာ​တွေလဲ ရှိတယ်​။ Sehun က ထူးဆန်း​နေတယ်​​လေ။ Werewolf အဖြစ်​ ခုထိမ​ပြောင်း​သေး​ပေမယ့်​ Vampire နဲ့ ​သွေး​ရော​နှော​နေလို့ အရမ်းခွန်​အားကြီးတယ်​။ ပုံမှန်​အတိုင်း​ဆို သမန်းဝံပု​လွေပုံစံ​ပြောင်းသွားရမှာ။ တိရစ္ဆာန်ပုံမျိုးဖြစ်​သွားရင်​ အစပိုင်းမှာ တလ​လောက်​အထိ လူပုံစံ​ပြန်​ပြောင်းနိုင်​မှာမဟုတ်​ဘူး​လေ။ သူ့ရဲ့တ​ယောက်​ထဲ​သော အစ်​ကို Yi Xing ကို သတ်​ခဲ့လို့ Werewolf ​တွေကို မုန်း​နေ​တဲ့ Luhan က Sehun ကို ဘယ်​လိုဆက်​ဆံမလဲဆိုတာ Tao သိချင်​မိတယ်​။

^ Guys.......Kris ကို ​ခေါ်လာခဲ့!! ^

××××××××××××××××××××××××××××××××××

^ သခင်​​လေး Kris ​ရောက်​ပါပြီ ^

Tao , ​ခေါင်းငုံနေတဲ့ Kris ​ရှေ့မှာ ရပ်​လိုက်​ရင်း

^ ကျ​နော်​ မှား​နေတာလား Kris? ^

^ မင်း မမှားပါဘူး! မှား​နေရင်​​တောင်​ အမှန်​ပြင်​ဖို့ အချိန်​မှီပါ​သေးတယ်​ Luhan နဲ့ Sehun ဘာမှမဖြစ်​ခင်​​ပေါ့ ^

^ ဒါ​ပေမယ့်​ Sehun က.......... ^

^ အင်း Sehun အ​ပေါ်​တော့ မင်းလွန်​သွားပြီ။ ဒါ​ပေမယ့်​ သူ werewolf အဖြစ်​လုံးဝမ​ပြောင်း​သေးဘူးမလား ^

^ ဟုတ်​တယ်​ သူက ထူးဆန်းတယ်​ Bro သိလား? ^

^ သူက Luhan ​သွေး​ရော​နေတယ်​ မင်း စဉ်းစားကြည့်​​လေ အဲ့​လောက်​​ပွေရှုပ်​တဲ့ Luhan က အခု Sehun နဲ့ပဲ​နေ​နေတာ ဘယ်​​လောက်​ကြာပြီ​လဲ! Sehun ကို သူ့ပိုင်​ဆိုင်​မှုအဖြစ်​ ​သွေးနဲ့​တောင်​ အမှတ်​အသားလုပ်​ထားမှာ​ပေါ့! ^

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now