[31] Adam ❤ Eve

11.3K 764 65
                                    

My Vampire Bambi

Episode ~> 31

°•~♥~•°

Luhan ကို ခုတင် ပေါ်မှာ ချုပ် ထားပြီး
Chanyeol ကို ph ဆက် ခေါ် လိုက်တယ်
ကလေးက ဗိုက်အောင့် နေတော့လဲ
သူ ဂရု မစိုက်ဘဲ မနေနိုင် ပြန်ပါဘူး

အဲ့ အဆိုးအဆာလေးကို မုန်းဖို့ ဆိုတာ
Sehun အတွက် ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာ ဆိုပြီး
ဘုရား သခင်က ပညတ် ထားသလားပဲ

Oh Sehun အတွက် ပညတ်တော် ၁၁ ပါးပေါ့

သူ့ လက်က စိမ့်ထွက် လာတဲ့ သွေးတို့ကို
ခွက်ထဲ ထည့်ကာ တိုက်တော့လဲ
Luhan ပါးစပ်ကို အတင်း ပိတ်ထားတယ်
နရင်းအုပ် ပစ်ချင်တာမှ လက်ကို ယားနေတာပဲ
ဗိုက်အောင့်တာကဖြင့် မျက်စိတောင် မဖွင့်နိုင်ဘူး
မာန ကတော့ တစ်ခွဲသားနဲ့

လက်ထိပ်ကို တစ်ဖက်ထဲ ခတ်ထားတော့
ကျန်တဲ့ လက်တစ်ဖက်နဲ့ Sehun ကို တွန်းကာ
ရုန်းရင်း ဆန်ခတ် လုပ်တယ်လေ
ပြီးတော့
သူကသာ ဒေါသ ထွက်ထွက်နဲ့ အော်ဟစ်နေတာ
Baby ကတော့ အသံတိတ် ဆန္ဒ ပြလေသည်

တခုခုတော့ တခုခုပဲ
ဒီလောက် နာကျင်နေတာကို အသံမထွက် ဆိုတော့?
ထားလိုက်ပါ.........
Sehun ကို စကားတောင် မပြောချင်လို့ နေမှာပေါ့
ချိုသာတဲ့ အသံချွဲချွဲလေးက
အခုတော့ သူ့အတွက် မဟုတ်တော့ဘူးပေါ့

^ LUHAN! ကိုယ် အရမ်း စိတ်တို လာဘီနော်
နှုတ်ခမ်းချင်း တေ့ပြီး တိုက်စေချင်နေတာလား ^

ဟု အော်လိုက်တော့မှ
ခွက်ကို ဆွဲယူကာ သောက်ချပစ်တယ်
ကြည့်လေ!! ဘယ်လောက်တောင် ဆိုးလိုက်သလဲ ဆိုတာ!
မျက်ဝန်းတို့ကိုလဲ မျက်လွှာချထားတယ်
သူ့ကို တစ်ချက်လေးတောင် မော့မကြည့် ~
မျက်နှာချင်း ဆိုင်ရအောင် အထိလဲ
သူ အတင်းမလုပ်ချင်တော့ ~

ှနှစ်ဦးသား တခဏ ငြိမ်သက်ကာ နေကြပြီး
အချိန်တွေ ကုန်ဆုံးစေလိုက်တယ်
ပြီးတော့မှ အတန်ငယ် သက်သာသွားသည့်
ပုံစံလေးနှင့် အိပ်ပျော်နေသည်

လက်ထိပ် တန်းလန်းနဲ့ ကွေးကွေးလေး အိပ်စက်နေတဲ့ ချစ်သူကို မြင်ရတာ စိတ်မချမ်းသာပေမယ့်
ဒီလိုမှ မလုပ်ရင် LuHan က ထိန်းလို့ မှမရတာ
နောက်တခါ ထွက်ပြေးလို့ မရအောင်
SeHun အနားမှာ ခေါ်ထားဖို့ နည်းလမ်းက
ဒါ့အပြင် စဉ်းစားလို့ မရဘူး
မုန်းချင်တာပဲ ဖြစ်ဖြစ် ချစ်ချင်တာပဲ ဖြစ်ဖြစ်
LuHan ကို အနားမှာ တသက်လုံး ရှိနေစေချင်တာက SeHun ရဲ့ တခုတည်းသော ဆန္ဒမို့ပါ

𝓜𝔂 𝓥𝓪𝓶𝓹𝓲𝓻𝓮 𝓑𝓪𝓶𝓫𝓲 ~♥~ 𝓒𝓸𝓶𝓹𝓵𝓮𝓽𝓮𝓭Where stories live. Discover now