3📸(Unicode)

76 12 2
                                    

Teacher- "ကဲ Kim Taehyungဝင်တော့ရပြီ"
.
.
.
စာသင်ချိန်တစ်ချိန်ပြီးလို့မုန့်စားကျောင်းဆင်းတော့မှ အပြစ်ပေးခြင်းပြီးဆုံးသွားတယ် ဒူးထောက်ထားရတာကြာတော့ ဒူးတွေလည်းနာခြေထောက်တွေတောင်ညောင်းချိ‌နေပြီ နာနေတဲ့ဒူးခေါင်းအားပွတ်ပြီးထဖို့အလုပ် ကျွန်တော်ရှေ့ကနေလက်လှမ်းပေးတဲ့လူတစ်ယောက်ကြောင့်မော့ကြည့်မိတော့ ဟိုသကောင့်သားအချေကောင် ဟွန့် သူကြောင့်ခိုးဝင်တာကိုဆရာမမိတာ သူသာပြူးပြီးလာကြည့်မနေရင် မိမှာမဟုတ်ဘူး~~

"ရတယ်...မလိုဘူး!!"

လှမ်းပေးတဲ့သူ့လက်ကိုမကိုင်ဘဲကိုယ့်ဘာသာရအောင်ထရပ်လိုက်ပြီးနောက် မုန့်စားဖို့ ကန်တင်းဘက်ကိုထွက်လာလိုက်သည်~
___________

လှမ်းပေးတဲ့လက်ကိုမကိုင်ဘဲ ထထွက်သွားတဲ့သူရဲ့ကျောပြင်အားအကြောင်းမဲ့စွာငေးကြည့်ရင်း ထိုကျောပြင်လေးတဖြည်းဖြည်း‌ ဝေးသွားပြီးပျောက်ကွယ်သွားတော့မှ စာကြည့်တိုက်ဘက်ကို သွားဖို့ခြေလှမ်းများ စတင်လိုက်တယ်

Sora-"Jungkook ssi"

"အော်~~Sora"

Sora-"ဟုတ်!!ရောက်နေတာကြာပြီလားဟင် မုန့်စားနေလို့နောက်ကျသွားတာ စောဒီးပါ"

"ရပါတယ် မကြာသေးပါဘူး"

Sora-"ဘယ်သူမှမလာကြသေးဘူးလား"
"အင်း"

Jimin-"ဟေး Jungkook~"
"Jimin Hyung"

"ဟမ်!! Taehyungမရောက်သေးဘူးလား ရောက်နေပြီထင်တာ"

"ခနနေရင်လာမှာပါ"
"အေးခနစောင့်တာပေါ့ ဒါနဲ့မင်းစာလုပ်နေတာလား"

"ဟုတ်တယ် Hyung"
"ဟာ~~Jimin လို့ခေါ်ပါဆိုကွာ ခနငါ Taehyungကိုသွားခေါ်လိုက်အုံးမယ်"
.
.
.

"ဟိတ်ကောင် Taehyung"
"ဘာလည်း!!"

"မင်းကွာလိုက်ရှာလိုက်ရတာ ဒီမှာဇိမ်နဲ့မုန့်လာစားနေတယ်"

"ဘာအတွက်လည်း"

ဟိုမှာ ငါ့တို့တစ်‌ ယောက်နဲ့တစ်ယောက်အဖွဲ့မိတ်ဆက်ကြမလို့မင်းကိုလိုက်ရှာနေတာ"

"အော်~~ဒါနဲ့ဒီ‌နေ့မင်းကိုလည်းငါသိပ်ကြည်တာမဟုတ်ဘူးနော် ငါ့ကိုကျောင်းသွားဖို့လာမခေါ်ဘူး"

𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉Where stories live. Discover now