10📸(Unicode)

90 6 0
                                    

ကျွန်တော်ခြေလှမ်းများက Hyungအိမ်သို့ Hyung တွေ့ချင်လို့ လာခဲ့ပေမယ့် တကယ်တန်းကျတော့ တွေ့ဖို့သတိမရှိခဲ့ပေ ဒါကြောင့် အိမ်နားရောက်ခါနီးမှ ကျွန်တော့ ခြေလှမ်းများရပ်တန့်သွားခဲ့ပြီး ပြန်လှည့်ဖို့အလုပ်မှာ အိမ်ကိုပြန်လာနေတဲ့ Hyung ကိုအဝေးကနေလှမ်းတွေ့လိုက်တာကြောင့် အိမ်တစ်အိမ်ရဲ့ ဘေးနားက လမ်းကြားလေးထဲအမြန်ဝင်ပုန်းလိုက်ရသည်။ သို့ပေမယ့် Hyungပုံကလုံးဝပုံမှန်မဟုတ်ပေ နောက်တော့ ဟိုဘက်ကလာနေနဲ့သူနဲ့ဝင်တိုက်ပြီး လဲကျသွားတော့ ကျွန်တော့အရမ်းစိုးရိမ်သွားပြီး Hyung နားကိုသွားမယ် အလုပ် ရုတ်တရက်ငိုချလိုက်တဲ့ Hyungကြောင့်ကျွန်တော်ခြေလှမ်းများတစ်ဖန်ရပ်တန့်သွားခဲ့ပြန်သည်။ ထို့နောက်မှာ နောက်ဆက်တွဲကြားလိုက်ရတဲ့ Hyungရဲ့ ဝန်ခံချက်တွေကြောင့် ကျွန်တော်တော်တော်အံ့အားသင့်ခဲ့ရပြီး ခြေလှမ်းများက အလိုလိုဦးတည်မိတော့သည်~

"Hyu~~Hyung!"

ကျွန်တော်ကိုမြင်တော့ ထွက်ပြေးမယ်ထင်ခဲ့တာ ဒါပေမယ့် Hyung က ငိုနေရာကနေချက်ခြင်းထရပ်ကာ ကျွန်တော်ကိုပြေးဖက်လေတာကြောင့် အသံပင်ထွက်သွားရသည်။

"ဟင့်!!Jun~ Jungkook"

*အင့်!*

"~ ငါမှားသွားတယ် ~ဟင့် ငါမင်းမရှိဘဲမနေနိုင်ဘူး"

"Hyung ကျွန်တော်ကိုကြည့်ပါအုံး"
"ဟင့်အင်း~ငါ~ငါဒီတိုင်းလေးနေပါရစေ"
"Hyung~ ဒီစကားတွေက တကယ်ဘဲလားဟင် ဒါမှမဟုတ်ကျွန်တော်အိမ်မက်မက်နေတာလားဟင်"

"ဟင့်!တကယ်ပြောနေတာ ငါ~ မင်းကိုငြင်းခဲ့မိတာ မင်းမရှိရင်အဆင်ပြေမယ်ထင်ခဲ့တာ မဟုတ်~ဘူးပဲ ဟက်"

"~ဒါ~ဒါဆို Hyungက ကျွန်တော်ကိုအဖြေပေးလိုက်တာလားဟင်"

"ဟက်~ အရူးကောင်"

"ပျော်လိုက်တာ Hyungရယ်"

"Jungkook မင်းငါ့ကိုထားမသွားဘူးမလား
ငါ~ငါ မင်းကိုယုံရပါ့မလားဟင် မင်း~မင်းငါ့အချစ်ကိုကစားတာ‌‌မဟုတ်ဘူးမလား"

"ကျွန်တော် Hyung အချစ်ကိုကစား‌ဖို့မပြောနဲ့ ဘယ်တော့မှ ပေါ့ပေါ့တန်တန်လို့တောင်မတွေးဖူးဘူး ကျွန်တော် Hyungကိုအရမ်းချစ်တယ် အဲ့တာတော့ယုံပေးပါ"

𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉Where stories live. Discover now