"ကိုယ်~တောင်းပန်ပါတယ် ကောင်လေး"
"....."
"ကိုယ်မင်းကို ရင့်သီးတဲ့စကားတွေဘဲပြောမိလို့~ ကိုယ် မင်းရဲ့ဂရုစိုက်မှုတွေကိုမသိဘဲ အပိုတွေလုပ်နေတယ်လိုထင်ခဲ့မိလို့~"
"Hyung တောင်းပန်စရာမလိုဘူးလေ ကျွန်တော် ဘာကိုမှစိတ်ထဲမထားတာမို့လို့ မငိုနဲ့တော့နော်"
ကိုကိုပါးပြင်ပေါ်က မျက်ရည်စများကိုဖွဖွလေးသုတ်ပေးမိသည် ဒါ~ဒါဟာ ပထမဆုံးသူ့ပါးပြင်ကိုထိတွေ့ခြင်းဖြစ်ပေသည်~ ဒီလို ထိတွေ့ခွင့်ရလိမ့်မယ်လို့တခါမှတောင်အိမ်မက်မမက်ခဲ့ဘူး
"Hyung ဖယောင်းတိုင်အရင်မှုတ်လိုက်အုံးလေနော်"
"အင်း"
ထို့နောက် ဖယောင်တိုင်ကိုမှုတ်လိုက်ပီး ကိတ်ကိုဇွန်းနဲ့ဖဲ့လိုက်ကာ ထိုကောင်လေးကို ခွန့်ကျွေးလိုက်သည်
"ကျေးဇူးပါ ကောင်လေး မင်းကြောင့်အဓိပ္ပါယ်ရှိတဲ့မွေးနေ့ကိုဖြတ်သန်းရပီ"
ကျွန်တော်ထိုသို့ပြောတော့ သွားတန်းဖြူဖြူလေးတွေပေါ်တဲ့အထိ ပြုံးပြလေတာကြောင့် ထိုကောင်လေးရဲ့နှာတံထိပ်လေးအား ကိတ်ပေါ်က cream ဖြင့်လှမ်းတို့လိုက်တော့~
"ဟာ hyung!! အဲ့လိုနော် တွေ့မယ်"
ကိတ်ပေါ်က cream တွေကို သူ့လက်နဲ့ကိုင်လိုက်ပီး ကျွန်တော့်ကိုထိဖို့ပြင်နေတာကြောင့် ထွက်ပြေးရတော့သည်~
"Hyung ဘယ်ပြေးတာလည်းလာခဲ့!!!"
"မလာဘူး ကြောက်ပါပီ့"
"မရဘူး ကျွန်တော့်ကိုကြတော့တို့ပြီး"
"ဟားဟား နောက်မလုပ်တော့ဘူး""မရဘူး!!"
(ထိုသို့ကစားကွင်းထဲမှာ ကောင်လေးနှစ်ယောက် အရုပ်ဘီးကုတ်လေးတွေကိုယ်စီဖြင့်ရယ်မောပြေးလွှားနေကြသည်ကို မြင်သူအဖို့ ကြည်နူးပျော်ရွှင်ဖွယ်ကောင်းလွန်းလှသည်)
__________________________________
လမ်းပေါ်မှာ ကောင်မလေးတစ်ယောက်နဲ့အနမ်းပေးနေတဲ့ hyung ထိုမြင်ကွင်းကကျွန်တော်နှလုံးသားကို သေလောက်အောင်နာကျင်စေခဲ့သည် hyung ကကျွန်တော်မရှိလည်းနေနိုင်သွားပြီထင်ပါရဲ့ကျွန်တော် နောက်ဆုတ်သင့်ပြီလား hyung
YOU ARE READING
𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉
Fanfiction𝑾𝒆 𝒌𝒆𝒆𝒑 𝒕𝒉𝒊𝒔 𝒍𝒐𝒗𝒆 𝒊𝒏 𝒂 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉 ~~ 𝑾𝒆 𝒎𝒂𝒅𝒆 𝒕𝒉𝒊𝒔 𝒎𝒆𝒎𝒐𝒓𝒊𝒆𝒔 𝒇𝒐𝒓 𝒐𝒖𝒓𝒔𝒆𝒍𝒗𝒆𝒔 ~~ (Unicode/Zawgyi) ************** "အချစ်ဆိုတာရယူပိုင်ဆိုင်ခြင်းမျိုးမဟုတ်ဘဲ ကိုယ...