7📸(Unicode)

51 7 0
                                    

  Hyung ကိုစာရှင်းပြပြီးကျွန်တော်တိုက်ခန်းကိုပြန်ရောက်ချိန်မှာတော့ ည၁၁ နာရီရှိလေပြီ~ လွယ်ထားတဲ့လွယ်အိတ်ကို ကုတင်ပေါ်ပစ်တင်လိုက်ပြီး စားပွဲရှေ့ကထိုင်ခုံပေါ်ကို ခြေပစ်လက်ပစ်ထိုင်လိုက်ပြီးနောက် မွန်းကြပ်မှုများ  ပြေပြောက်စေရင် လည်ပင်းအထိအပြည့်ထပ်ထားတဲ့အကျီကြယ်သီးကိုနှစ်လုံးလောက်ဖြုတ်ထားလိုက်သည်~~ တစ်နေ့တစ်နေ့ဘာတွေတွေးပြီး ဘာတွေလုပ်နေမိမှန်းမသိတော့~ ဒါပေမယ့် လုပ်ချင်တာလုပ်ခွင့်မရဘဲAppaရဲ့ချုပ်ချယ်မှုတွေ နဲ့ပြည့်နှက်နေတဲ့ ကျွန်တော်ရဲ့ အဓိပ္ပါယ်မရှိတဲ့ဘဝကြီးက တစ်စုံတစ်ဦးကြောင့် ပြန်လည်အသက်ဝင်လာသလိုမျိုးပေါ့~~ ထို့နောက် စားပွဲပေါ်မှာပြန့်ကျဲနေတဲ့ ခေါက်လက်စရောင်စုံ စက္ကူတွေ ‌ကိုဘေးတစ်နေရာသို့ဖယ်လိုက်ပြီး တစ်နေ့တာ Diary ကိုစတင်ရေးလိုက်ပြီးနောက် စားပွဲပေါ်က ဓာတ်ပုံလေးကိုအကြည့်ရောက်သွားချိန်!~
ကိုယ့်ကိုကိုယ်ပြန်မေးမိတဲ့စကားတစ်ခွန်းက

"အခုကျွန်တော် ဘာဆက်လုပ်ရမလဲ??"
.
.
.
ဒီနေ့စောစောစီးစီးကျောင်းရောက်လာတာကြောင့်ကျောင်းခန်းထဲမှာ လူကသိပ်မရှိသေးပေမယ့် Park Mochi ကောင်ကတော့ ဘယ်အချိန်ကတည်းကရောက်‌နှင့်နေလည်းမသိ!

"ဟ~~Kim Taehyungပြောတော့မလာဘူးဆို~"

"အစကတော့မလာဘဲနေမလို့ ဒါပေမယ့် ကျောင်းမလာရင်ဘဲ အခုချက်ချင်းကြီးမေးခွန်းတွေပေး စာမေးပွဲတန်းဖြေ‌ပြီး စာမေးပွဲကျတော့မဲ့ပုံမျိုးနဲ့ ပြောနေတာဘယ်သူလည်း"

"ခွီးးး~ငါကစတာပါ~ဒါပေမယ့်ဒီနေ့အကုန်လုံးကိုစာမေးမှာကွ"

"ဘာ!!! ချီးဘဲ~ငါ့ဘာသာမလာဘဲနေရင်တောင် အခုချိန် ဒူးနန့် ပြီးဂိမ်းဆော့နေပြီ ဒါမင်းသက်သပ်ယုတ်မာပြီးငါ့ကိုခေါ်တာမလား!!"

"မင်းအကြားအမြင်များရလာတာလား??
(တမင်နောက်ပြောင်ပြီး ပြောလိုက်တော့ ဆဲသံပါတခါထဲကြားလိုက်ရ၏)

"မင်းမေ**"

"ခွီးးးးဟားဟားဟား"

"အဲ့မှာ ရီနေလိုက် ~ ဒါနဲ့ Jungkookရောမတွေ့မိပါလား"

"သူလာမှမလာသေးတာ~"

*အော်!တော်ပါသေးတယ် မဟုတ်ရင် မနေ့က ကိစ္စကြောင့် သူကိုမြင်ရင် စိတ်ကမလုံမလဲဖြစ်နေအုံးမယ်~*

𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉Where stories live. Discover now