15📸(Unicode)

60 5 0
                                    

"ဒါဆို hyung သီချင်းရောဆိုတက်လားဟင်"

"အင်း"

"ဂစ်တာရောတီးတက်လား"

"အင်း piano လည်းတီးတက်တယ်ဆိုပါတော့"

"ဝါးး မိုက်လိုက်တာ ကျွန်တော်လည်းတီးတက်ချင်လိုက်တာ"

"မင်းတီးတက်ချင်ရင်ကိုယ်သင်ပေးမှာပေါ့"
"တကယ်?"

"အင်း"

"ရေးးး အော်ဒါနဲ့သီချင်းဆိုတက်တယ်ဆိုတော့ကျွန်တော့်ကို ဂစ်တာတီးပီးသီချင်းဆိုပြပါလားဟင်"

"အာ~အဲ့ဒါတော့"

"ဟိုကျွန်‌တော်ကဒီတိုင်းပြောလိုက်တာ~ အခု hyung အဆင်မပြေဘူးဆိုလည်းရပါတယ် နောက်ကြမှ ဆိုပြပေါ့ ဟီးး"

"အင်း ကျေးဇူး"

Hyung ကအိမ်ရှင်းလင်းရေးနဲ့အလုပ်ရှုပ်နေ‌တာကြောင့် ကိုယ့်ဘာကိုယ်သာကိုလျှောက်ကြည့်နေမိသည်~ ကြည့်ရသလောက် မိသားစုဓာတ်ပုံနဲ့တူသောအရာတခုမှမတွေ့မိ hyung မှာ ညီမတယောက်ရှိတယ်လို့သာသိထားသည်။ အဖေနဲ့အမေကရော?

"Hyung မှာညီမလေးရှိတယ်ဆို ကျွန်တော်မတွေ့မိပါလား"

"သူက အလယ်တန်းဒုတိယနှစ်လေ အဆောင်မှာနေတာဆိုတော့ အိမ်ကိုသိပ်မလာဖြစ်ဘူးလေ"

"အော်~ hyung အဖေနဲ့အမေကရော?"

သိချင်စိတ်ဖြင့်သွယ်ဝိုက်မေးလိုက်တော့
စာအုပ်စင်ရှင်းလင်းရေးလုပ်နေတဲ့သူ၏လက်လုပ်ရှားမှုတွေရန့်တန့်သွားသောအခါ ထိုမေးခွန်းကိုမမေးလိုက်သင့်ဘူး ဟူသောအသိကချက်ခြင်းဝင်ရောက်လာလေ၏။ ကျွန်တော်မှားသွားပီ

တောင်းပန်ဖို့အလုပ် ကျောပေးရပ်နေရာကရုတ်တရက်ကျွန်တော့်ဘက်ကိုလှည့်လာတာကြောင့် နည်းနည့်တော့လန့်သွားသည်~

"သူတို့ကကိုယ်ငယ်ငယ်ထဲကကွဲသွားကြတာ
အမေကညီမလေးကိုခေါ်သွားပေမဲ့ ကိုယ့်ကိုမခွဲနိုင်တာကြောင့်အဖေနဲ့အတူနေခဲ့ရတယ်လေ။ ဒါပေမဲ့ မလိမ္မာတဲ့အဖေ့ကြောင့် အခုချိန်ထိကိုယ်တို့မောင်နှမ၂ယောက်ခက်ခက်ခဲခဲ အသက်ရှင်ခဲ့ရတယ်ဆိုပါတော့"

"ဟို~ ကျွန်တော်တောင်းပန်ပါတယ် အဲ့လိုမေးဖို့ မ~မရည်ရွယ်ပါဘူး"

𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉Where stories live. Discover now