6📸(Unicode)

61 7 0
                                    

"ဟူးးးးး~~~"

Sora-"ဟ~သက်ပြင်းတွေလာချနေတယ်ကြားမကောင်းဘူး"

"ကြားမကောင်းရင်နားပိတ်ထားလေ လာပြောနေသေးတယ် စိတ်ညစ်ရတဲ့ကြားထဲ"

"Jimin Hyung အစောကြီးရောက်နေပါလား~"

"အင်းးး"

"ဒါနဲ့ Taehyungie Hyung ရောဟင်"
"သူဒီနေ့ကျောင်းမတက်ဘူး မဟုတ်ဘူး ၅ရက်လောက်ခွင့်တိုင်ထားတယ်"

"ဟင်~~"

"အဲ့ဒါခနထား မနေ့ကသူမိုးမိတယ်မလား"
"ဟို~"

"ကျွန်တော်မသိဘူးလို့တော့မပြောနဲ့မနေ့က မင်းကိုလာကြိုတဲ့ကားကို ပြန်လွတ်လိုက်ပြီး Taehyungနောက်လိုက်သွားတာ ငါတွေ့လိုက်တယ်"

"ဟမ်!! ဟို~ဟုတ်တယ် ကျွန်တော်ထီး‌ပေးမလို့အမှီလိုက်သွားပေမယ့် ဟိုရောက်တော့ Taehyungie Hyungကကားပေါ်တောင်တက်သွားပြီ အဲ့ဒါနဲ့"

"ဟူးးးဒီကောင်ကွာ ငါသူ့ကိုထီးယူသွားလို့ပြောတဲ့ဟာကိုယူမသွားဘူး"

"အခု Hyungကဘာဖြစ်လို့လည်းဟင်"
"ဖျားနေတာ အဖျား 102လောက်ရှိတယ်"
"ဗျာ~~"

"သူကငယ်ငယ်လေးကတည်းက မိုးမိတာနဲ့ဖျားတက်တဲ့အကျင့်ရှိတယ်ကွာ အဲ့တော့သူများတွေလိုမိုးရေထဲထွက်ကစားတာတို့ဘာတို့မလုပ်ရတော့ အိမ်မှာဘဲဂိမ်းဆော့ရင်းအချိန်ကုန်ရတာပေါ့~ပြီးတော့ သူကနေ‌မကောင်းဖြစ်ရင်လည်း ဆေးကိုအတင်းတိုက်ရတယ် ဆေးကြောက်လို့ အဲ့တော့ဘယ်လိုတိုက်ရလည်းဆို သူစားမဲ့မုန့်ထဲကိုဆေးထည့်ပြီးတိုက်ရတာ အဲ့တော့အဖျားကပိုကြာတာပေါ့ကွာ ငါတို့ဆိုရင် နေမကောင်းဖြစ်တာနဲ့ဆေးသောက်လိုက်ရင်တစ်ရက်ထဲနဲ့ ပျောက်တယ်လေ သူကတော့အဲ့လိုမဟုတ်ဘူး"

(ထိုစကားကြားရတော့ ကျွန်တော် Hyungအတွက်စိတ်ပူမိတယ် မနေ့ကတည်း bus ကားပေါ်မှာ ချမ်းနေခဲ့တာကို မချမ်းဘူးဆိုပြီး ပြောနေသေးတယ်~ဒီလိုမှန်းသိရင် ငါအစောကြီးကတည်းက Hyungနောက်ကိုပြေးလိုက်ခဲ့ပါတယ်)

Teacher-" နောက်တစ်ပါတ် လပါတ်စာမေးပွဲတွေဖြေရမယ်နော် စာလည်းလုပ်ကြအုံး ဒါနဲ့ Kim Taehyungကခွင့် ၅ရက်ယူထားတာလား"

Jimin-"ဟုတ်ပါတယ် သူနေမကောင်းလို့ပါ"

Teacher-"အော်အေးပါ အဲ့ဒါဆိုရင် အဖွဲ့ခေါင်းဆောင်ကိုယ်စား မင်းကတာဝန်ယူလိုက်ပေါ့ ပြီးတော့ သူ့ကိုစာမေးပွဲအတွက် သင်လိုက်တဲ့စာတွေကိုလည်းရှင်းပြလိုက်အုံး
ပြီးတော့ ဒီနေ့သင်လိုက်တဲ့အကြောင်းအရာတွေကိုတော့ Taehyungကိုယ်စား မင်းကဘဲ assignment ရေးပြီးထပ်ပေးဟုတ်ပီလား"

𝑴𝒆𝒎𝒐𝒓𝒚 𝑶𝒇 𝑷𝒉𝒐𝒕𝒐𝒈𝒓𝒂𝒑𝒉Where stories live. Discover now