32

4.8K 335 8
                                    

Uni

'မင်း ငါ့သားနဲ့ သိတယ်မလား'

ရုတ်တရက် မမျှော်လင့်ထားသော မေးခွန်းကို အမေးခံလိုက်ရတာမလို့ ရတု ကြောင်သွားကာ ဘာပြန်ဖြေရမည် မသိတော့

ရတုရဲ့ ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေက ဦးမုန်းခန့်ထည်ကို နားမလည်သလို ကြည့်လာသည်

ဦးမုန်းခန့်ထည်ရဲ့ အမေးကြောင့် ရတု မာန့်ကို စိတ်ပူသွားမိသည်

ဦးမုန်းခန့်ထည်ကတော့ ရတုရဲ့ အမျိုးမျိုးပြောင်းနေသော မျက်နှာကို မမှိတ်မသုန် စိုက်ကြည့်နေလေသည်

သူကိုယ်တိုင် အဖမ်းခံထားရတာတောင် ဖမ်ထားတဲ့သူရဲ့ သားကို လှမ်းပြီးစိုက်ပူနေပုံက အနည်းငယ်တော့ ရယ်စရာကောင်းပါသည်

'ဟား...ကောင်လေး မင်းကိုယ်တိုင် အဖမ်းခံထားရတယ်ဆိုတာကို သတိရဦး'

ကို့ကိုယ်ကို စိတ်ပူရကောင်းမှန်း မသိသေးသော ထိုကောင်လေးကို ဦးမုန်းခန့်ထည် သတိပေးလိုက်သည်

ဦးမုန်းခန့်ထည်ရဲ့ စကားကိုကြားခါမှ ရတု မာန့်ကို စိတ်ပူနေရာကနေ လက်ရှိအခြေအနေကို သတိရသွားသည်

ဘယ်လိုပဲဖြစ်ဖြစ် ရတု မာန့်ကို အထိခိုက် မခံနိုင်ပါ

ဘယ်ချိန်ထဲကလဲဆိုတာ သေချာမသိတော့ပေမဲ့ ထိုလူသားဟာ ရတုရဲ့ အရာရာဖြစ်နေခဲ့ပါပြီ

'ဟင့်အင်း ခင်ဗျား ဘာတွေလာပြောနေတာလဲ ကျွန်တော် သူ့ကို မသိဘူး'

ရတု ငြင်းမယ်ဆိုတာကို ဦးမုန်းခန့်ထည် သိပြီးသားမလို့ ရတုနှင့် ပြိုင်မပြောလာတော့

ဘာလို့လဲဆိုတော့ တစ်ကယ့်အမှန်တရားကို သူသိပြီးသား ဖြစ်သည်

တစ်ဦးတည်းသော သားလေးကို လုပ်ချင်တာလုပ် ဖြစ်ချင်တာဖြစ်ဟု ဘယ်သူကများ လွှတ်ထားဖူးလို့လဲ

သူ့သား မုန်းမာန်ပြည့် လုပ်သမျှအကုန် သူသိနေပါသည်

'မင်းကော သူ့ကို သဘောကျလား'

ဆက်ပြောလာသော ဦးမုန်းခန့်ထည်ရဲ့ စကားကြောင့် ရတုပါးတွေ ချက်ချင်းပူလာကာ သူ့မျက်နှာတစ်ခုလုံး ရဲတက်လာသည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now