21

12.1K 1K 55
                                    

Zawgyi

'ရတု မင်း ကိစ္စတွေကို သေချာလုပ်ထားရဲ့လား'

မာန သူ့ရှေ့မှာ ဖိုင်မျိုးစုံနှင့် အလုပ်ရှုပ်နေသော ရတုကို မေးလိုက်သည်

'သေချာတော့ လုပ်ထားပါတယ် CEO ဒါပေမဲ့ ကျွန်တော်တို့ သူ့ကိုခိုင်းလို့ ဖြစ်ပါ့မလား'

ရတုမျက်နှာက အတော်လေး စိုးရိမ်​နေပုံ ရပါသည်

'ဘယ်သူ့ကိုလဲ'

မာနမှာ လုပ်စရာအလုပ်တွေက ပုံနေတာမလို့ ရတုပြောတာကို စဉ်းစားမရတာနှင့် မေးလိုက်သည်

'မုန်းမာန်ပြည့်ကိုလေ'

ရတုက လေသံတိုးတိုးလေးနှင့်ပြောကာ ခေါင်းငုံ့သွားသည်

'နေပါဦး အဲ့ကောင်လေး နာမည်ပြောတာ မင်းက ဘာလို့ မျက်နှာနီနေတာလဲ'

ရတုက မာနကို ဆက်ခနဲ ခေါင်းမော့ကြည့်သည် ပြီး ခေါင်းပြန်ငုံ့သွားပြန်သည်

မာန စိတ်ထဲ နဲနဲလေးတော့ ထူးဆန်းသွားသည်

သူ့ အတွင်းရေးမှူးကို ဒီလောက် ရှက်ကိုးရှက်ကန်း ဖြစ်နေတာ တစ်ခါမှ မမြင်ဘူး

'ရတု ငါတို့သူ့ကို မခိုင်းရင် အဲ့ဖိုင်တွေက ရမှာမဟုတ်ဘူး အဲ့ဒါတွေမရှိရင်လဲ ဘာမှလုပ်မရတော့ဘူး'

'ရတု ကြိုးစားကြည့်ကြည့်မယ်'

ရတုက ဒီကိစ္စတွေထဲ မုန်းမာန်ပြည့်ကို လုံးဝ ပါစေချင်ပုံ မရပါ

'အင်း ပြီးတော့ ငါမေးစရာရှိတယ်'

မာန စကားက အလေးအနက်ဖြစ်လာတာမို့ ရတု ခေါင်းမော့ကြည့်ကာ နားထောင်နေလိုက်သည်

'အလုပ်ကိစ္စတော့ မဟုတ်ဘူးကွာ ကိုယ်ရေးကိုယ်တာ ကိစ္စပါ'

'ဟုတ်ကဲ့ CEO'

'မင်းနဲ့ငါနဲ့ ပေါင်းလာတာ ကြာပြီပဲ ပွင့်ပွင့်လင်းလင်းရှိတော့ ပိုကောင်းတာပေါ့'

မာန ဘာကို ပြောချင်နေလဲဆိုတာ ခုထိ ရတု နားမလည်သေး

'ဒီလိုကွာ ယောက်ျားလေး နှစ်ယောက် ချစ်လို့ရလား'

မာနက ပြောမဲ့ပြောချလိုက်တော့လဲ တဲ့တိုးကြီး ဖြစ်သည်

'ဟင် မ မသိဘူးလေ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now