49

5.2K 325 21
                                    

Uni

မဂ်လာဝတ်စုံ စီစဥ်ပေးသော ဆိုင်ကြီးထဲတွင် မာနနှင့်ဝန်းရံအပြင် မာန်နှင့်ရတုပါ ရောက်နေကြသည်

မာန့်ဒယ်ဒီ ဦးမုန်းခန့်ထည်လား ခွင့်တောင်းစရာတောင်မလို ဘယ်တော့ မဂ်လာဆောင်မလဲသာ တန်းမေးလေသည်

တွေ့စရာ မိဘတွေကလဲ အများကြီးမရှိတာကြောင့် လူကြီးချင်းတွေ့ကာ မဂ်လာကိစ္စ ကြောင်းလမ်းမှုတွင် မာနဒယ်ဒီ ဦးနေမင်းရှိန် နှင့် မာန့်ဒယ်ဒီ ဦးမုန်းခန့်ထည်အပြင် ဝန်းရံမာမီ ဒေါ်ရွှေဝန်းရံသာ ပါလေသည်

အကုန်လုံးရဲ့ သဘောတူညီမှုအရ မဂ်လာပွဲကို အတူတူ ကျင်းပရန်သာ ဆုံးဖြတ်လိုက်ကြသည်

ထို့ကြောင့် မဂ်လာဝတ်စုံ ဝယ်ရန်အတွက် လေးယောက်လုံး ဆိုင်ထဲသို့ ရောက်နေခြင်း ဖြစ်သည်

ယခု ပြသနာတက်နေသည်က မာနနှင့် ဝန်းရံပဲ ဖြစ်သည်

မဂ်လာပွဲတွင် လေးယောက်လုံး အနောက်တိုင်းဝတ်စုံ အဖြူလေးတွေသာ ဝတ်ကြရန် စီစဥ်ထားပြီးပြီဖြစ်သည်

သို့သော် မဂ်လာဝတ်စုံ အရောင်းဆိုင်ကို ရောက်ကာမှ မာနက ဝန်းရံကို သတို့သမီး ဂါဝန်ဖြူဖြူလေး ခဏလောက်ဖြစ်ဖြစ် ဝတ်စေချင်သည်

ဝန်းရံကလဲ ခေါင်းခါရုံတင်မဟုတ် လက်တွေကော ခြေထောက်တွေပါခါကာ ငြင်းခုံကြတော့သည်

အရောင်းဝန်ထမ်းမလေးတွေမှာ လက်ထဲတွင် ဂါဝန်ရှည်မျိုးစုံ ကိုင်ထားကြပြီး ဘာဆက်လုပ်ရမည်မသိ မာနနှင့်ဝန်းရံကိုကြည့်ကာ ဒီတိုင်းရပ်နေကြရသည်

'ခဏလေးပဲလေကွာ ဝန်းရံလေးက လိမ္မာပါတယ် နော်'

မာန ငြင်းခုံနေရတာ မောလာပြီမလို့ ဝန်းရံကို ချော့ပြောကာ အနုနည်း ပြောင်းသုံးကြည့်သည်

သို့သော်.....

'အဲ့လောက် ဝတ်ချင်နေရင်လဲ ဘာလို့ ခင်ဗျားကိုယ်တိုင် သွားမဝတ်ကြည့်ရတာလဲ'

ဝန်းရံကတော့ သူကိုယ်တိုင်က ယောက်ျားလေး ဖြစ်တာကြောင့် ထိုဂါဝန်တွေကို မဝတ်နိုင်ပါ

အဲ့လောက်တောင် ကြိုက်နေရင် ကို့ဘာသာ သွားဝတ်

'ဟာ ကိုက ကလေးလေးလိုမျိုးမှ ချစ်ဖို့မကောင်းတာ'

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now