47

4.9K 313 15
                                    

Uni

မိသားစု ညစာစားပွဲတွင် လေးယောက်လုံး တိတ်ဆိတ်နေလေသည်

ဦးနေမင်းရှိန်နှင့် ဒေါ်ရွှေဝန်းရံက စားပွဲတစ်ဖက်တွင် ထိုင်နေပြီး မာနနှင့်ဝန်းရံက အခြားတစ်ဖက်တွင် ဘေးချင်းယှဥ်ကာ ထိုင်နေကြသည်

ဦးနေမင်းရှိန်ကတော့ ကုမ္ပဏီက ကိစ္စတွေကို တွေးနေတာဖြစ်ပြီး ဒေါ်ရွှေဝန်းရံကတော့ မာနနှင့်ဝန်းရံကိုသာ ခဏခဏ ကြည့်နေသည်

ထိုနှစ်ကောင် ဘယ်အချိန် ထဖောက်မလဲဟု စောင့်နေတာလဲ ပါသည်

မာနကတော့ သူ့ဒယ်ဒီကို ဘယ်ကနေ စပြောရရင် ကောင်းမလဲဟု အကြံထုတ်နေတာဖြစ်ပြီး

ဝန်းရံကတော့ မာနပြောပြထားတဲ့ သူ့မာမီက သူတို့အတူတူ အိပ်နေတာကို တွေ့သွားတယ်ဟူသော စကားကြောင့် ခေါင်းကြီးငုံ့ထားတာ ပြန်မော့မလာတော့

ဦးနေမင်းရှိန်ကပဲ တိတ်ဆိတ်နေသော ညစာစားပွဲကို စတင်ကာ ဖြိုခွင်းလိုက်လေသည်

'သား ဝန်းရံခ နေမကောင်းဘူးလား ဘာလို့ ခေါင်းကြီးကို အဲ့လောက် ငုံ့ထားရတာလဲ'

ဦးနေမင်းရှိန်ရဲ့ စကားကြောင့် မာန ဝန်းရံကို လှည့်ကြည့်ကာ ပြုံးမိတော့သည်

တစ်ယောက်သောသူ ရှက်နေတာကို မာနကလွဲပြီး ဘယ်သူမှ သိမည်မထင်ပါ

'ဟုတ်သားပဲ သားကလဲ ဟင်းတွေမကြိုက်လို့လား မာမီ ပြန်ပြင်ပေးမယ်လေ'

ဒေါ်ရွှေဝန်းရံ မာနကိုပဲ အဓိက ကြည့်နေရတာမလို့ ဦးနေမင်းရှိန် ပြောမှသာ သားဖြစ်သူ ဝန်းရံကို သေချာသတိထားမိတော့သည်

ဝန်းရံက ခေါင်းကြီးငုံ့ထားတာများ စားပွဲအောက်ကို ပြုတ်ကျသွားမှာတောင် စိုးရိမ်ရသည်

'အာ..မဟုတ်..မဟုတ်ပါဘူး မာမီရဲ့ ဝန်းရံ ကြိုက်ပါတယ်'

ဝန်းရံ သူ့မာမီကို အမြန်ခေါင်းခါပြကာ ပြန်ဖြေရင်း မာနကို အားကိုးတကြီး မျက်နှာငယ်လေးနှင့် ကြည့်လိုက်သည်

ယခုအချိန် ဝန်းရံ သူ့မာမီရဲ့ မျက်နှာကို စေ့စေ့တောင် မကြည့်ရဲပါ

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now