38

4.4K 374 9
                                    

Uni

ရတုက သူရှာလို့ ရသမျှ အချက်အလက်တွေကို စားပွဲပေါ်တင်ကာ မာနကို တစ်ခုချင်းစီ ပြနေလေသည်

ယခု မာနတို့ ကုမ္ပဏီရှိ CEOအခန်းထဲတွင် မာနရယ် မာန်ရယ် ရတုရယ် သုံးယောက်လုံး ရှိနေသည်

အကုန်လုံး ဝန်းရံကို စိတ်ပူနေရသည်မလို့ ဘယ်သူမှ မျက်နှာမကောင်းကြပါ

ရတုက ဖိုင်တွေကို တစ်ခုချင်းစီပြကာ မာနကို ရှင်းပြလေသည်

'မာန ကျွန်တော်ထင်တာ မမှားဘူးဆို နှင်းပွင့်ဖြူ ခြေလှမ်းလှမ်းနေတာက တစ်ခုထဲပဲရှိတယ်'

ရတုပြောတာကို မာနက ခေါင်းညိတ်ပြလိုက်ကာ တစ်ခွန်းပဲ ပြောလိုက်သည်

'ရှယ်ယာရှင် အစည်းအဝေးပွဲ'

မာနအပြောကို ရတုက ထောက်ခံသည့်သဘောနှင့် ခေါင်းညိတ်ပြလိုက်သည်

'အား...ကျွန်တော် ရှာတွေ့ပြီ'

မာနနှင့်ရတု ကိုယ်စီ အတွေးများနေစဥ် မာန်က ကောက်ကာငင်ကာ ထအော်လေသည်

မာန့်စကားကြောင့် နှစ်ယောက်လုံး မာန့်အနားကို အမြန်ပြေးသွားလိုက်သည်

'ဒီမှာ အဲ့တာ အဲ့မိန်းမရဲ့ ကားမလား'

လပ်တော့မျက်နှာပြင်ပေါ်တွင် အဖြူရောင် ကားလေးတစ်စီးက လမ်းမကြီးအတိုင်း သွားနေလေသည်

ကားကို အနီးကပ်ဆွဲကာ ကြည့်လိုက်သောအခါ ကားပေါ်တွင် လူနှစ်ယောက်ပါလေသည်

ထိုလူနှစ်ယောက်က နှင်းပွင့်ဖြူနှင့် ဝန်းရံဆိုတာ သူတို့သေချာ သိနေသည်

'အင်း အဲ့တာ နှင်းပွင့်ဖြူရဲ့ကားပဲ သူတို့ ဘယ်ကိုသွားနေတာလဲ'

မာနက ထိုကားဖြူလေးကို သေချာကြည့်ကာ မာန့်ကို ပြောလိုက်သည်

'ဟို ကျွန်တော်လဲ ခုလိုက်ကြည့်နေတာလေ'

မာနအမေးကို မာန်က မအူမလည်နှင့် ခေါင်းကုတ်ကာ ပြန်ဖြေသည်

'အဲ့တာဆို မင်း ခုမှကားပဲ ရှာတွေ့သေးတာပေါ့ ဟုတ်လား'

မာနက မာန့်ကို အထူးအဆန်းကြည့်ကာ ရတုကတော့ မျက်လုံးကြီးပြူးပြီး ဘာပြောရမည်တောင် မသိတော့

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now