Part-2

27K 1.9K 91
                                    

(​Zawgyi)

'သတို့သားနဲ့ သတို့သမီး မင်္ဂလာလက်​စွပ်​ လဲလှယ်​လို့ ရပါပြီ'

ကောင်းချီး​ပေးသည့်​ ဘုန်း​တော်​ကြီးအသံ​ကြောင့်​ မင်းမာန အိတ်​ကပ်​ထဲထည့်​ထား​သော လက်​စွပ်​ဘူး​လေးကိုထုတ်​ပြီး ဒယ်​ဒီကို ​ပေးလိုက်​သည်

မင်းမာန၏ ဒယ်​ဒီဖြစ်​သူ ဦး​နေမင်းရှိန်​မှာ အသက်​​လေးဆယ်​နှင့်​ မလိုက်ဖတ်​စွာ တည်​ကြည်​ခန့်​ငြားဆဲ ဖြစ်​သည်

လက်​စွပ်​ဝတ်​ပြီး​သောအခါ

'သတို့သားက သတို့သမီးကို နမ်းနိုင်​ပါပြီ'

'​ဖြောင်း...​ဖြောင်း...​ဖြောင်း...'

မင်္ဂလာခန်းမတစ်​ခုလုံး လက်​ခုပ်​သံများဖြင့်​ ဆူညံသွား​တော့သည်

မင်းမာန လက်​ခုပ်​တီးကာ သူ့ဒယ်​ဒီကို ပြုံးပြီးကြည့်​​နေလိုက်​သည်

မင်းမာနကို ​မွေးပြီးပြီးချင်း မာမီဆုံးသွားေ​သာ​ကြောင့်​ သူ့ဒယ်​ဒီက မင်းမာနအတွက်​ အ​ဖေလို​ရော အ​မေလိုပါမက ညီအကိုလိုပါ ​ပေါင်းသင်းရသည့်​ အရင်းနှီးဆုံး လူသားပါ

မင်းမာန ဆိုသည်​မှာ ဒယ်​ဒီအတွက်​သာဆို ဘာပဲလုပ်​ရလုပ်​ရ အကုန်​လုပ်​မည့်​ လူသာဖြစ်​သည်

'ဟင့်​.....'

တွေး​ကောင်း​နေတုန်း ​ဘေးကရှိုက်​သံ​လေး​ကြောင့်​ မာနကြည့်​လိုက်​​တော့ ​ကောင်​​လေးက မျက်​ရည်​​တွေကျ​နေပါပြီ

'ကျွတ်​...'

သူများ​တွေ ​ပျော်​​နေတဲ့အချိန်​မှာ ဒင်း​လေးက ငို​နေစရာလား

မာနအိတ်​ထဲက​နေ လက်​ကိုင်​ပုဝါကို ထုတ်​ပြီး ​ပေးလိုက်​သည်

ချက်​ချင်းမယူ​သေးပဲ မျက်​ရည်​​တွေကြားထဲက မာနကို ​မော့ကြည့်​​နေပြန်​သည်

'ဘာလဲ ကိုသုတ်​​ပေးရမှာလား'

မာန ရွဲ့ပြီး ​ပြောလိုက်​ခါမှ ပုဝါကို ကပြာကယာ ယူသုတ်​သည်

ကောင်းချီး​ပေးပြီးသွားပြီမို့ ထို​ကောင်​​လေးနားက​နေ ထွက်​လာကာ မာနသူငယ်​ချင်း​တွေရှိ​သော ဝိုင်းတွင်​ သွားထိုင်​​နေလိုက်​သည်

အ​ဖေမတူ အ​မေကွဲ~အဖမေတူ အမကှေဲ(Completed)Where stories live. Discover now